အုတ်ဖိုမြို့နယ်တွင် နိုင်(၄)မှတ်တမ်းများအား Computer Software အသုံးပြု၍ စိစစ်ရေးသွင်းခြင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အုတ်ဖိုမြို့နယ်တွင် နိုင်(၄)မှတ်တမ်းများအား Computer Software အသုံးပြု၍ စိစစ်ရေးသွင်းခြင်းဆောင်ရွက်

 


MNP -  ဧပြီ  ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် နိုင်(၄)မှတ်တမ်းများအား Computer Software အသုံးပြု၍ စိစစ်ရေးသွင်းခြင်းကို ဧပြီလ ၄ ရက်နေ့မှစ၍ မြို့တော်ခန်းမတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက်များ နိုင်(၄)မှတ်တမ်းများအား Computer Software ဖြင့် ထိန်းသိမ်းနိုင်ရေး စာရင်းရေးသွင်းရန် (၁၄၀၃၃၉)ဦးရှိပြီး၊ ယနေ့အထိ (၂၉၃၄၀) ဦးထိ စာရင်းသွင်းပြီဖြစ်ကြောင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် အခြားဌာနဝန်ထမ်းများ စုစုပေါင်း ဝန်ထမ်းအင်အား (၃၅)ဦး၊ ကွန်ပျူတာ အလုံး(၂၀) တို့ဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်လျက်ရှိကြောင်း လူဝန်မှုကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှသိရသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းနှင့် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဆန်းတို့မှ လာရောက်ကြည့်ရှုကာလိုအပ် သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - အောင်သူ 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)