တနင်္သာရီတိုင်းဒေသကြီး ဘောလုံးဒိုင်သင်တန်း အမှတ်စဉ်(၁/၂ဝ၂၂)သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး ဘောလုံးဒိုင်သင်တန်း အမှတ်စဉ်(၁/၂ဝ၂၂)သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ




MNP - ဧပြီ    ၂၈

တနင်္သာရီတိုင်းဒေသကြီး ဘောလုံးဒိုင်သင်တန်း အမှတ်စဉ်(၁/၂ဝ၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က မြို့နယ်များတွင် ကျင်းပလျက်ရှိသည့် ဘောလုံးပြိုင်ပွဲများတွင် ဒိုင်လူကြီးအဖြစ် ပီပြင်စွာဆောင်ရွက်နိုင်ရန်၊ မျိုးဆက်သစ်ဘောလုံးဒိုင်လူကြီးများထွက်ပေါ်လာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ ဒိုင်လုပ်ငန်း ကော်မတီမှ အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီး ဦးလှတင့်က သင်တန်းသင်ကြားခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က သင်တန်းနည်းပြဆရာ ဒိုင်လူကြီးများအား ဂုဏ်ပြုလက်ဆောင် ပေးအပ်ချီးမြှင့်ပြီး တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၀)မြို့နယ်မှ သင်တန်းသား (၂၀)ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရသည်။

သတင်း - ရွှေပင်လယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)