ကျောက်ကြီးမြို့နယ်၌ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ကြီးမြို့နယ်၌ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်

 

MNP - ဧပြီ   ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီ တွင် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက ဒေသန္တရစီမံကိန်း ရည်မှန်ချက်အရ ကဏ္ဍကြီးများအလိုက် စုစုပေါင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးကို နှစ်အလိုက်တိုးတက်ရန် ရည်မှန်းထားကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဒေသန္တရ ရင်းနှီးမြှုပ်နှံမှု လျာထားချက်များဖြစ်သည့် တိုင်းဒေသကြီးဘတ်ဂျက်၊ ပြည်ထောင်စုဘတ်ဂျက်တို့ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းစီမံကိန်းများ၏ ပြီးစီးမှု အခြေအနေများကို သက်ဆိုင်ရာဌာနများနှင့် မြေပြင်ကွင်းဆင်း ကြီးကြပ်ဆောင်ရွက်ပြီး အချိန်မီပြီးစီးရေးကိုလည်း လုပ်ထုံးလုပ်နည်း များနှင့်အညီ တွန်းအားပေးဆောင်ရွက် သွားမည်ဖြစ်ကြောင်းပြောကြားပြီး၊ စီမံကိန်းဦးစီးဌာန မြို့နယ်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေးက ကျောက်ကြီးမြို့နယ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်ချက်အရ ကဏ္ဍကြီးများအလိုက် စုစုပေါင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးကို နှစ်အလိုက် ဈေးနှုန်းများအရ ကျပ်သန်းပေါင်း (၁၇၁၁၈၄.၄) သန်းနှင့် ပုံမှန်ဈေးနှုန်းများအရ (၂.၆) ရာခိုင်နှုန်း တိုးတက်ရန်ရည်မှန်း ရေးဆွဲထားကြောင်း၊ ကဏ္ဍကြီးများအလိုက် ပါဝင်မှုအချိုးအစားများအနေဖြင့် လယ်ယာ ကဏ္ဍကြီးတွင် (၅၁.၂) ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးအနေဖြင့် (၁၇.၄) ရာခိုင်နှုန်း၊ ဝန်ဆောင်မှု ကဏ္ဍကြီးအနေဖြင့် (၃၁.၄) ရာခိုင်နှုန်း အသီးသီးပါဝင်ကြောင်း ရှင်းလင်း ပြောကြားပြီး၊ မြို့နယ် အတွင်းရှိ ဌာနပေါင်းစုံအား ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်ခဲ့သည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)