ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အခမ်းအနားမှူး သင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အခမ်းအနားမှူး သင်တန်းဖွင့်လှစ်







MNP ၊ ဧပြီ ၈

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော အမှုထမ်း၊ အရာထမ်းများနှင့် ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများအား အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက် ၁၀ နာရီ က လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။ 

သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူ က ယနေ့အခမ်းအနားမှူးသင်တန်းသည်ဒုတိယအကြိမ်မြောက်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ အစည်းအဝေး၊ ဆွေးနွေးပွဲ ၊လှူဒါန်းပွဲ ၊ အခမ်းအနားများပြီးစီးအောင် တာဝန်ထမ်းဆောင်ခြင်းကို အခမ်းအနားမှူး ဟုခေါ်ဆို ကြောင်း၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် များမှအခမ်းအနားများတွင်တာဝန်ပေးအပ်လာပါက အခမ်းအနားမှူး တာဝန်ကို အောင်မြင်စွာဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း နှင့် အခမ်းအနားမှူး အကြောင်း အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။ 

ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူ က အမှုထမ်း၊ အရာထမ်းများအား အခမ်းအနားမှူးတစ်ယောက်၏ အရည်အချင်းအကြောင်း ၊ အခမ်းအနားမှူး၏ဝတ်စားဆင်ယင်မှု အကြောင်း၊ အသံအနေအထားအကြောင်း ၊ မိုက်ကရိုဖုန်းနှင့် ပြောဆိုရမည်နည်းလမ်းများအကြောင်း၊ အကြီးအကဲများရှေ့တွင် အရိုအသေပြုရမည့်နည်းလမ်းများအကြောင်းကို ဧပြီ ၉ ရက်နေ့ အထိ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပြသပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 


သတင်း - ရွှေပင်လယ်(ထားဝယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)