MNP - ဧပြီ ၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ပြည်သူများအား ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို တိုက်နယ်ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နံနက် (၉)နာရီမှ မွန်းလွဲ (၁)နာရီအထိ ထိုးနှံပေးခဲ့သည်။
အဆိုပါကာကွယ်ဆေးမထိုးနှံမှီ မှတ်တမ်းရေးသွင်းခြင်း၊ အမည်စာရင်းခေါ်ပေးခြင်း၊ နေရာချထာပေးခြင်းတို့ကို ပညာရေးဝန်ထမ်းများနှင့် ကာမိုင်းကြက်ခြေနီအသင်းခွဲငယ်မှ အဖွဲ့ဝင်များက ဆောင်ရွက်ကြပြီး ကာကွယ်ဆေးကို ကာမိုင်းမြို့ တိုက်နယ်ဆေးရုံဝန်ထမ်းများက စနစ်တကျထိုးနှံပေးပြီး အချိန်သတ်မှတ်ပေးခြင်းများကို ပူးပေါင်းဆောင်ရွက်ကြ၍ နာရီဝက်စောင့်ကြည်ပြီးမှသာ ပြည်သူများကို ပြန်လည်စေလွှတ်ပေးပြီး မြို့အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က လှည့်လည်ကြည့်ရှု အားပေးစကားပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ကို အခြားဝင်ငွေရှိသောလုပ်ငန်း လုပ်ကိုင်သူများ (၃၇)ဦး၊ မှီခို (၃၀)ဦး၊ နိုင်ငံ့ဝန်ထမ်း (၆)ဦးတို့ကို ဆေးအလုံးရေ (၃၁.၅)လုံး ဆေးတစ်လုံးလျှင် လူနှစ်ဦးနှုန်းဖြင့် ထိုးနှံပေးခဲ့ရာ စုစုပေါင်းလူဦးရေ (၇၃)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သတင်း - လဆိုင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment