MNP - ဧပြီ ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ အသိပညာပေး ဆွေးနွေးပွဲကို သက်ဆိုင်ရာဌာနများပူးပေါင်း၍ ယနေ့နံနက်၁၀နာရီက ဇီးအုပ်ကျေးရွာအုပ်စု၊ ဇီးအုပ်ကျေးရွာ၌ အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သဲကုန်းမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးဟိန်းထက်စိုးက ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်မြင့်မား လာစေရေးအတွက် လိုအပ်သည်များအား ဖြည့်ဆည်းညှိနှိုင်းပံ့ပိုး ဆောင်ရွက်ပေးနိုင်ရန် အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်စည်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေး ကော်မတီကိုဌာန(၁၃)ခုဖြင့်ဖွဲ့စည်းပြီး တစ်လလျှင်(၁၀)ရွာသို့သွားရောက်ဆွေးနွေးလျက်ရှိရာ မိမိဒေသဖွံ့ ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များအား ရင်းရင်းနှီးနှီးပွင့်ပွင့်လင်း လင်း ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သက်ဆိုင်ရာဌာနများက မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးခဲ့ရာ အမျိုးသားမှတ်ပုံတင်ဥပဒေအသိပညာပေးခြင်း၊ဒေသအတွင်း ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေး၊လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)အမည်ပြောင်းလဲလျှောက်ထားခြင်း၊ကြက်မွေးမြူရေး၊နွားမွေးမြူရေး၊ နွားမေထုံမဲ့သားဆက်ခြင်းစက်မှုလယ်ယာလုပ်ငန်းစဉ်များအားအသိပညာပေးခြင်း၊ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေး၊သမဝါယမအသင်းသစ်များဖွဲ့စည်းနိုင်ရေး၊ကျေးလက်ရေရရှိရေး၊ဆည်မြေင်းဌာနမှရေပေးဝေမှုအခြေအနေများ၊ချေးငွေနှင့်ပတ်သက် ၍ဆောင်ရွက်ရမည့်နည်းလမ်းများအား အသီးသီး အသိပညာဆွေးနွေး ဟောပြောခဲ့ကြသည်။
ထို့နောက် ဒေသခံတောင်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်း - ဝင့်နန္ဒာဌေး
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment