သာပေါင်းမြို့နယ်တွင် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲနှင့် ထူးချွန်အားကစားသမားများ ဆုချီးမြှင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သာပေါင်းမြို့နယ်တွင် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲနှင့် ထူးချွန်အားကစားသမားများ ဆုချီးမြှင့်ပွဲကျင်းပ



MNP - ဧပြီ  ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က မြို့နယ်ဘောလုံးကွင်း ပွဲကြည့်စင်တွင် သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်သည်။

နွေရာသီအခြေခံ အားကစားသင်တန်းကို လူငယ်လူရွယ်များအနေဖြင့် အခြေခံအားကစားနည်းစနစ်များအား သိရှိတတ်မြောက်စေရန်နှင့် ထူးချွန်ထက်မြတ်ပြီး အရည်အသွေး တိုးတက်ကောင်းမွန်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးသော သင်တန်းဆင်းပွဲတွင် သင်တန်းဆင်းဘောလုံး (၂)သင်းတို့ ယှဉ်ပြိုင်ကစားကြပြီးနောက် ဘောလုံးအားကစား၊ ပိုက်ကျော်ခြင်းအားကစား၊ စားပွဲတင် တင်းနစ်အားကစား၊ မြန်မာ့ရိုးရာသိုင်း၊ ပြေးခုန်ပစ်အားကစားသမားတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် ဌာနဆိုင်ရာများက ထူးချွန်အားကစားသမားများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ချိုသဲမှ နွေရာသီအခြေခံ အားကစားသင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - မျိုးဇော်သိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)