ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူများအား ရာနှုန်းပြည့်ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူများအား ရာနှုန်းပြည့်ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးဆောင်ရွက်



MNP -  ဧပြီ  ၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးတည်အုပ်စုများ အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီမှစတင်၍ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရသေးသည့်  ပြည်သူများအား ရပ်ကွက်များအရောက် ကျန်းမာရေးဝန်ထမ်းများက လှည့်လည်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ်ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံပေးခြင်း ကို ဧပြီ ၇ ရက်နေ့တွင် မြို့နယ်အတွင်းရှိ (၄၃)ရပ်ကွက်ရှိ ပြည်သူ များအား လှည့်လည်ထိုးနှံပေးရာ ပြည်သူ(၉၉)ဦး၊  မင်္ဂလာအေးကျောင်းတိုက်နှင့် (၄၇ )ရပ်ကွက်ဓမ္မာရုံ ဆေးထိုးစုရပ်များတွင် ပထမအကြိမ်ထိုးနှံသူ(၇၈)ဦးနှင့်  တတိယအကြိမ် ထိုးနှံသူ(၁၂၂)ဦး တို့အား ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်းသတင်းရရှိသည်။

သတင်း - မြင့်မြင့်ရီ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)