MNP ၊ ဧပြီ ၈
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်အားနံနက် ၉ နာရီ အချိန်မှ နေ့လယ် ၁၂ နာရီ အချိန်ထိ ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုလျက်ရှိသည်။ ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များ၌ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၊ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။
ယနေ့တွင်သမိုင်းဘာသာရပ်၌ ဖြေဆိုသူ စုစုပေါင်း ၄၄၀ ဦး၊ ပျက်ကွက်သူ ၄၀ ဦးရှိကာ ဖြေဆိုသူ ရာခိုင်နှုန်း ၉၁ ဒသမ ၆၇ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။ထိုသို့ ကျောင်းသား၊ ကျောင်းသူများ၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို ရသေ့တောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြောင်းသိရသည်။
တက္ကသိုလ်ဝင်စာမေးကိုဧပြီ ၉ ရက် စနေနေ့တွင် စိတ်ကြိုက်မြန်မာစာဘာ သာရပ်အား နောက်ဆုံးဘာသာအဖြစ်
ဖြေဆိုကြရမည်ဖြစ်ရာ ရသေ့တောင်မြို့၌အဆိုပါဘာသာရပ်အတွဲတွင် တက်ရောက် သင်ကြားသည့် ကျောင်းသား/ကျောင်းသူ မရှိကြောင်း သတင်းရရှိသည်။
သတင်း - ထွန်းလင်းကျော်
https://t.me/MyanmarNationalPost


No comments:
Post a Comment