ကျောင်းကုန်းမြို့တွင် ကျေးရွာမြစ်ကူးတံတားသစ် ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းကုန်းမြို့တွင် ကျေးရွာမြစ်ကူးတံတားသစ် ဖွင့်ပွဲကျင်းပ




MNP - ဧပြီ    ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် လှေကွဲလဟာအုပ်စု၊ ပိန်းမြောင်ကြီးကျေးရွာနှင့် တက်ဆိပ်အုပ်စု၊ တက်ဆိပ်ကျေးရွာတို့ ဆက်သွယ်သည့် ကျေးရွာမြစ်ကူးတံတားသစ်ကို ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က ဖွင့်လှစ်ခဲ့ရာ လေးမျက်နှာမြို့ ဒက္ခိဏာရုံပရဟိတကျောင်း ဆရာတော်အရှင် အရိယာနန္ဒနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါတံတားသည် အရှည်(၃၄၀)ပေရှိပြီး၊ ပလပ်စတစ်ပေပါများဖြင့် တွဲထားသော ဘောတံတားဖြစ်သည်။ လှေကွဲလဟာအုပ်စု၊ ပိန်းမြောင်ကြီးကျေးရွာတွင် အိမ်ခြေ(၁၃၀)ကျော်နှင့် စံပယ်ရုံအုပ်စု၊ ခြောက်အိမ်တန်းကျေးရွာတွင် အိမ်ခြေ(၆၀)ကျော်ရှိပြီး၊ ဒါးကမြစ်အတွင်းကျွန်းပေါ်တွင်တည်ရှိသော ကျေးရွာများဖြစ်သည်။ ယခုမြစ်ကူးတံတားသစ် ဖြစ်မြောက်ရေးအတွက် ပိန်းမြောင်ကြီးဇာတိသားဖြစ်သော လေးမျက်နှာမြို့ ဒက္ခိဏာရုံပရဟိတဆရာတော် အရှင် အရိယာနန္ဒက ဦးဆောင်ပြီး၊ အနယ်နယ်အရပ်ရပ်အလှူရှင်များ စုပေါင်းလှူဒါန်းငွေကျပ် သိန်း (၂၄၀)ကျော်ဖြင့် တံတားသစ် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ကျန်းမာရေး၊ စီးပွားရေး တိုးတက်အဆင်ပြေ လာမည်ဖြစ်သဖြင့် ကျေးရွာနေဒေသခံပြည်သူများ ဝမ်းသာနေကြကြောင်း သိရသည်။

သတင်း - ဝင်းကြိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)