စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိ

 



                                              

MNP ၊ ဧပြီ ၂၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွဲ ပိုင်းက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်းနှင့်ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက် ဌာနနှင့် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနများသို့သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်ဌာနများသို့ ယခင်ငှားရမ်းပေးထားသော စာအုပ်များအား ပြန်လည်  သိမ်းဆည်းပြီး ယခုအပတ်တွင် သုတ၊ ရသ စာအုပ်များကို တစ်နေရာလျှင် (၁၅)အုပ်ခန့် အသစ် ပြန်လည် လဲလှယ်ငှားရမ်း ပေးခဲ့ကြောင်းနှင့် ထိုသို့ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုး တတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကိုသိရှိစေရန်၊ စာပေဖတ်ရှုမှု ပိုမိုမြင့်မား လာစေရန်နှင့် အလုပ်တာဝန် များကြောင့်မအားမလပ်ဖြစ်နေသူများ၊အချိန်မရှိ၍ စာအုပ်စာပေများ လာရောက်မငှားရမ်းနိုင်သည့်သူများအတွက် ရည်ရွယ်၍ သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

 ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို သံတွဲမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ ၊ ရပ်ကွက်၊ကျေးရွာများသို့ အလှည့်ကျ သွားရောက် ငှားရမ်းဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။


သတင်း - ဒေါ်မေမွန်ထွဋ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)