သံတွဲခရိုင်ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများအတွက် ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများအတွက် ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပ






MNP ၊ ဧပြီ   ၂၈

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  ယနေ့ နံနက်(၉)  နာရီကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတွဲခရိုင်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ကအဖွင့်အမှာစကား ပြောကြားရာတွင်လက်ရှိသံတွဲခရိုင်အတွင်းတည်ငြိမ်အေးချမ်းမှုကိုသင်္ကြန်ကာလခရီးသွားများဝင်ရောက်မှုကိုကြည့်၍သိနိုင်ကြောင်း၊ဌာနဆိုင်ရာများအနေဖြင့်တည်ငြိမ်အေးချမ်းမှုနှင့်အတူဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုတွေးခေါ်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊လုပ်ငန်းများအောင်မြင်ရေးအတွက်ဝန်ထမ်းများအားသင်ကြားပြသပေးခြင်း၊စည်းရုံးဆောင်ရွက်ရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။ထို့နောက်   ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ် က မြို့သန့်ရှင်းသာယာလှပရေးဆောင် ရွက် ရန်၊ဌာနဆိုင်ရာများနယ်မြေကျော်ထွက်ခွာခွင့်တင်ပြသည့်ကိစ္စ၊ဌာနဆိုင်ရာဝန်ထမ်းများဝန်ထမ်း စည်းမျဉ်းစည်းကမ်းနှင့်အညီနေထိုင်ရေးများကိုလည်းကောင်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန် က သံတွဲမြို့နယ်နှင့်ငပလီမြို့သန့်ရှင်းသာယာလှပရေးဆောင်ရွက်မည့်အခြေအနေများကိုလည်းကောင်းဆွေးနွေးတင်ပြခဲ့ကြသည်။ 

၎င်းနောက်ခရိုင်အဆင့်ဌာနဆိုင်ရာများက မိမိဌာနများအလိုက်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်အခက်အခဲများ ကိုတင်ပြဆွေးနွေးကြရာ ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ တို့ကပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။


စန္ဒာကြည်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)