MNP ၊ ဧပြီ ၈
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အမ်းမြို့နယ် ၌ ၂၀၂၁/၂၀၂၂-ခုနှစ်ပညာသင်နှစ်တက္ကသိုလ်ဝင်စာ မေးပွဲ နောက်ဆုံးနေ့ သမိုင်းဘာသာရပ်အား ယနေ့ နံနက် ၉ နာရီ အချိန် ကျောင်းသား၊ကျောင်းသူ များစာစစ်ဌာန (၇) ခု ၌ဖြေဆိုသူ စုစုပေါင်း(၆၈၉)ဦး ဖြေဆိုလျက်ရှိ ကြောင်းသိရသည်။
အမ်းမြို့နယ်တွင် စာစစ်ဌာန စုစုပေါင်း (၈)ခု အနက်စာစစ်ဌာန(၇)ခု၌တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုရန်စာရင်းရှိကျောင်းသား/ကျောင်းသူ စုစု ပေါင်း(၈၆၆) ဦး အနက်(၆၈၉ )ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ- အထက(၁)စာစစ်ဌာန၊ အထက (၃) အရှေ့ပိုင်းစာစစ်ဌာန ၊အထက ရူးစာစစ်ဌာန၊အထ က ဒါးလက် အ နောက် စာစစ်ဌာန၊ အထကတပ်တောင် စာစစ်ဌာန ၊အထက မင်းတက်စာစစ်ဌာ နှင့်အထက ကျောက်မြောင်းစာစစ်ဌာန၌ တို့၌ သမိုင်းဘာသာရပ်၌ စာရင်းရှိ (၈၆၆)ဦး၊ဖြေဆို (၆၈၉) ဦး၊ ပျက် ကွက်( ၁၇၇)ဦးရှိရာ ဖြေဆိုသူရာခိုင်နှုန်းမှာ (၇၉.၅၆) ရှိ ကြောင်းနှင့်၎င်းတို့မှာအေး ချမ်းစွာဖြင့် စာစစ်ဌာများ၌ ဖြေဆိုလျက်ရှိ ကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနများ၌ကျန်းမာရေး ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ ၊ဌာနဆိုင်ရာများ၊ရပ် ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းအဖွဲ့ဖြင့်အပြင်စည်းလုံခြုံ ရေး ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
သတင်း - စိုးမင်းထွန်း
https://t.me/MyanmarNationalPost




No comments:
Post a Comment