MNP - ဧပြီ ၈
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်တွင် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြု တတ်စေရန် ကလေးသူငယ်များ လူရှေ့သူရှေ့တွင်ပြောရဲ ဆိုရဲရှိစေရန်၊ ဉာဏ်ဏဆိုင်ရာစွမ်းရည်များ ဖွံဖြိုးတိုးတက်စေရန် ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၌ ကဗျာရွတ်ပြိုင်ပွဲနှင့်အိမ်ဆောက်ပြိုင်ပွဲ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိနော်လော်မူက လေးသူငယ်များ ဉာဏ်ပညာစွမ်းရည်၊ အတွေးအခေါ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်း အလေ့အထများရှိစေရန် ယခုကဲ့သို့ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကဗျာရွတ်ပြိုင်ပွဲနှင့် အိမ်ဆောက်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ သံတောင်ကြီးမြို့ပေါ်ရှိ ကလေး /သူငယ (၁၂) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သတင်း - နော်နော်မူ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment