နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက်များ နိုင် (၄) မှတ်တမ်းအား ကွန်ပျူတာဖြင့် Software Program စာရင်းရေးသွင်း ခြင်းများ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက်များ နိုင် (၄) မှတ်တမ်းအား ကွန်ပျူတာဖြင့် Software Program စာရင်းရေးသွင်း ခြင်းများ ဆောင်ရွက်

 


MNP - ဧပြီ   ၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက်များ နိုင် (၄) မှတ်တမ်းအား  ကွန်ပျူတာဖြင့် Software Program စာရင်းရေးသွင်းဆောင်ရွက်ခြင်းကို ဧပြီ ၄ ရက် နံနက်ပိုင်းမှစ၍ မြို့နယ်အထွေထွေအုပ်ရေး ဦးစီးဌာနရုံး၌ ရေးသွင်းဆောင်ရွက် ကြောင်း သိရသည်။

အဆိုပါ ရေးသွင်းခြင်းနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးက နိုင်ငံသားနံပါတ် မှန်ကန်ရေးအတွက် နိုင် (၄) ဇယားကွက် (၂၀) မျိုးဖြင့်  စားရင်းရေးသွင်းခဲ့ကြောင်း သိရသည်။

ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ   စဉ်၊ အမည်၊ မွေးသက္ကရာဇ်၊ ကျား/မ၊ လူမျိုး၊ ဘာသာ၊ အဘအမည်၊ တိုင်း/ပြည်နယ် Code၊ မြို့နယ် Code၊ အမျိုးအစား၊ မှတ်ပုံတင်အမှတ်၊ အမိ၏အမည်၊ တိုင်း/ပြည်နယ် Code ၊ မြို့နယ် Code ၊  မျိုးအစား၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်၊ ရပ်ကွက်/ကျေးရွာ အုပ်စု၊ ကျေးရွာ၊ နိုင်ငံသားအမှတ်စသည့် နိုင်(၄) ပါအကြောင်း အရာမှတ်တမ်းများအား  ကွန်ပျူတာဖြင့်  Software Program စာရင်းရေးသွင်းခြင်း ကို ဌာနဆိုင်ရာဝန်ထမ်းများက သေချာစွာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွန်ပျူတာဖြင့်  Software Program စာရင်းရေးသွင်းခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဠ ဦးမင်းမင်းလတ်နှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးတို့မှ ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရသည်။

သတင်း - အိရွှေစင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)