MNP ၊ ဧပြီ ၈
၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၃၁)ရက်နေ့မှစတင်၍ ဖြေဆိုကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အ.ထ.က(မအီ)စာစစ်ဌာနနှင့် အ.ထ.က(လမူးမော်)စာစစ်ဌာနတို့တွင် ယနေ့ ဝိဇ္ဇာဘာသာတွဲ သမိုင်းဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၇၅)ဦးတို့က အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
အ.ထ. က(မအီ) စာစစ်ဌာနတွင် အဆိုပါသမိုင်းဘာသာရပ်ကိုဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၅၅) ဦးရှိပြီး ယနေ့သမိုင်းဘာသာရပ်ဖြေဆိုသူဦးရေစုစုပေါင်းမှာ (၄၅) ဦး ရှိကြောင်း၊ ဖြေဆိုရန်ပျက်ကွက်သူဦးရေမှာ ကျား(၉)ဦးနှင့် မ(၁)ဦး စုစုပေါင်း(၁၀)ဦးဖြစ်ကြောင်း၊ ဖြေဆိုရာခိုင်နှုန်းအနေဖြင့် (၈၁.၈၂)ရာခိုင်နှုန်းနှင့် ပျက်ကွက်ရာခိုင်နှုန်းမှာ(၁၈.၁၈)ရာခိုင်နှုန်းရှိကြောင်း၊ အ.ထ.က(လမူးမော်)စာစစ်ဌာနတွင် သမိုင်းဘာသာရပ်ဖြေဆိုရန်စာရင်းပေးသွင်းထားရှိသူ ကျောင်းသားကျောင်းသူစုစုပေါင်း(၃၂)ဦးရှိသည့်အနက် ယနေ့သမိုင်းဘာသာရပ်ဖြေဆိုသူဦးရေစုစုပေါင်းမှာ (၃၀)ဦးရှိကြောင်းနှင့် ပျက်ကွက်သူဦးရေမှာ ကျား(၁)ဦးနှင့် မ(၁)ဦးရှိ၍ ပျက်ကွက်သူ(၂)ဦးဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ ယခုနှစ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ အ.ထ.က(မအီ)စာစစ်ဌာနနှင့် အ.ထ.က(လမူးမော်)စာစစ်ဌာနတွင် ဝိဇ္ဇာဘာသာတွဲ သမိုင်းဘာသာရပ်ဖြေဆိုသူကျောင်းသားကျောင်းသူစုစုပေါင်းဦးရေမှာ (၇၅)ဦးနှင့် ပျက်ကွက်သူဦးရေ(၁၂)ဦးရှိကြောင်း တောင်ကုတ်မြို့နယ်ပညာရေးမှူးရုံးကသိရသည် ။
သတင်း - မောင်မောင်ဌေး
https://t.me/MyanmarNationalPost

No comments:
Post a Comment