သာကေတမြို့နယ်တွင် ပတ္တမြားအခမဲ့ ဆေးကုခန်းအား ပြန်လည်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာကေတမြို့နယ်တွင် ပတ္တမြားအခမဲ့ ဆေးကုခန်းအား ပြန်လည်ဖွင့်လှစ်



MNP -  ဧပြီ   ၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ပြည်သူများအား တဖက်တလမ်းမှ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်၍ ဆရာတော်များမှကြီးမှူး၍  (၁၀)တောင်ရပ်ကွက်ရှိ (၁၀၈) တောင် မဟာဗောဓိစေတီတော်ဝင်းအနီးရှိ ဟင်္သာတအတွင်း ပတ္တမြား စာသင်တိုက်၌(၁၂-၉-၂၀၁၃)ရက်နေ့တွင် ပတ္တမြားအခမဲ့ဆေးကုခန်းအား စတင်ဖွင့်လှစ်ခဲ့ပြီး ကျွမ်းကျင်ဆရာဝန်ကြီးများမှ သားဖွားမီးယပ်နှင့် သွားရောဂါများအား အပတ်စဉ် တနင်္ဂနေ်ွနေ့တိုင်း နံနက်(၁၀)နာရီမှမွန်းလွဲ(၂)နာရီအထိ အခမဲ့ကုသပေးခဲ့ သည်။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် အဆိုပါအခမဲ့ဆေးကုခန်းအား ခေတ္တပိတ်ထားရာမှ ယမန်နေ့နံနက် (၁၀)နာရီ၌ ပြန်လည်ဖွင့်လှစ်ကုသပေးခြင်း ဖြစ်သည်။ 

ထို့ပြင် ပတ္တမြားဆေးကုခန်းတွင် အထွေထွေရောဂါများကိုလည်း မေလမှစတင်က ကုသပေးသွားမည်ဖြစ်ပြီး ဆေးဝါးနှင့် အလှူငွေများ လှူဒါန်းလိုပါက (ဂန္ဓာမာစာသင်ဝိုင်း) ၀၉-၂၅၀၄၉၅၀၂၁၊ အတွင်းရေးမှူး၊ ဒေါ်မိုးမိုး(ချစ်ဝိုင်းရေခဲမုန့်) ၀၉-၂၅၄၄၉၈၂၅၁ နှင့် တာဝန်ခံဦးနိုင်မိုး ၊၀၉၂၅၉၂၅၉၇၀၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း တာဝန်ခံဦးနိုင်မိုးထံမှ သိရှိရသည်။

သတင်း - ဆောင်းနှင်းဖြူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)