ရန်ကင်းပိတောက်ရေကစားမဏ္ဍပ် ယနေ့ညနေ (၃:၃၀)နာရီတွင် စတင်ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကင်းပိတောက်ရေကစားမဏ္ဍပ် ယနေ့ညနေ (၃:၃၀)နာရီတွင် စတင်ဖွင့်လှစ်








MNP - ဧပြီ   ၁၄

၁၃၈၃ ခုနှစ်၊ ရန်ကင်းပိတောက် ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၃:၃၀)နာရီတွင်၊ အမှတ်(၂) ရပ်ကွက်၊ ရန်အောင်(၆) လမ်းထိပ်၊ ရန်ကင်းလမ်းမပေါ်၌ ကျင်းပသည်။ အဆိုပါဖွင့်ပွဲ အခမ်းအနားတွင် ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ယခုလာမည့်နှစ်သစ်တွင် အားအင်သစ်များဖြင့် တက်ကြွစွာ ဆောင်ရွက်ကြဖို့လိုကြောင်း၊ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းသည့်အချိန်အခါသမယတွင် မြန်မာ့ဓလေ့ ရိုးရာအစဉ်အလာနှင့်အညီ၊ မေတ္တာရေစင်ပက်ဖျန်း၍ပျော်ရွှင် စွာဆင်နွှဲသည့် အတာသင်္ကြန်ရေသဘင် ပွဲတော်ဖွင့်ပွဲခမ်းအနားဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါကျရောက်ခဲ့သောကြောင့် ရိုးရာယဉ်ကျေးမှုပွဲတော်များ၊ အခမ်းအနားများကို ရပ်နားခဲ့ရပြီး ရောဂါကူးစက်မှုနှုန်း ကျဆင်းလာသဖြင့် ပြည်သူများ စိတ်လက်ပေါ့ပါးကာ လန်းဆန်းပျော်ရွှင် စေရန်ရည်ရွယ်၍၊ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ကျင်းပခြင်းဖြစ်ကြောင်း၊ အတာသင်္ကြန်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲကြစေလိုပါကြောင်းပြောကြားသည်။

စတင်ဖွင့်လှစ်သော ရန်ကင်းမြို့ပိတောက်ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

သတင်း - အိရွှေစင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)