ပေါင်မြို့နယ် မိုးနှိုင်းရပ်ကွက်၌ သက်ကြီးပူဇော်ကန်တော့ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ် မိုးနှိုင်းရပ်ကွက်၌ သက်ကြီးပူဇော်ကန်တော့ပွဲ ကျင်းပ








MNP ၊ ဧပြီ ၁၄

မွန်ပြည်နယ် သထုံခရိုင်ပေါင်မြို့နယ် မိုးနှိုင်းရပ်ကွက်တွင် (၁၃၈၃)ခုနှစ် မဟာသင်္ကြန်ကာလအတွင်း အသက်၈၀နှစ်အထက် ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို ယမန်နေ့ညနေက မိုးနှိုင်းရပ်ကွက်အတွင်း လှည့်လည်ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။


သက်ကြီးပူဇော်ကန်တော့ပွဲတွင် ဘိုး/ဘွား(၁)ဦးလျှင် ငွေကျပ်(၁၄၀၀၀)တန်ဖိုးရှိ ကန်တော့ပစ္စည်းများအား ဘိုး/ဘွား(၆၄)ဦးအား အဖွဲ့(၅)ဖွဲ့ခွဲကာ သင်္ကြန်ကာလအတွင်း အလှည့်ကျသွားရောက်ကာ ဘိုး/ဘွားများ၏ နေအိမ်သို့တစ်အိမ်တက်ဆင်း လိုက်လံပူဇော်ကန်တော့သွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါပူဇော်ကန်တော့ပွဲတွင် စု‌စုပေါင်းငွေကျပ်(၈၉၆၀၀၀)ရှစ်သိန်းကိုးသောင်းခြောက်ထောင်ကျပ်ခန့် လှူဒါန်းပူဇော်ကန်တော့သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


သတင်း - တင်ဇာစိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)