ပွင့်ဖြူမြို့‌နယ် ကန်ရွာကျေးရွာနှင့် တောင်ချောင်းဆုံကျေးရွာတွင် ကျေးလက်နေ ပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစေရန် စက်ရေတွင်း တူဖော်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့‌နယ် ကန်ရွာကျေးရွာနှင့် တောင်ချောင်းဆုံကျေးရွာတွင် ကျေးလက်နေ ပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစေရန် စက်ရေတွင်း တူဖော်လှူဒါန်း

MNP - ဧပြီ   ၂၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကန်ရွာကျေးရွာနှင့် တောင်ချောင်းဆုံကျေးရွာတွင် ဒေသခံ ကျေးလက်နေ ပြည်သူများ နှစ်စဉ်နွေရာသီကာလ သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရ၍ အလှူရှင် ‌ဦးမောင်မောင်ဌေး -ဒေါ်လွင်လွင်မြင့် (USA)မိသားစုနှင့် ဆွေမျိုးသားချင်းများက စုပေါင်းပြီး အလှူငွေ မတည်ကာ စက်ရေတွင်း(၂)တွင်း တူးဖော်လှူဒါန်းပေး သွားမည်ဖြစ်ကြောင်း ဒေသခံ ကျေးလက်နေ ပြည်သူများ သောက်သုံးဖူလုံစေရေးအတွက် အလှူရှင်ရရှိအောင် အကျိုးဆောင်ပေးသည့် ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ သာမဂ္ဂီသုခ ပရဟိတ အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းထံက သိရသည်။

ပွင့်ဖြူမြို့နယ် ကန်ရွာကျေးရွာနှင့် တောင်ချောင်းဆုံကျေးရွာမှ ဒေသခံကျေးလက်နေ ပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ကြပြီး နှစ်စဉ် နွေရာသီကာလများတွင် စက်ရေတွင်းမရှိသည့်အတွက် သောက်သုံးရေ ရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရ၍ ကျေးလက်နေ ပြည်သူများ တောင်သူလုပ်ငန်း စိတ်အေးချမ်းသာစွာ လုပ်ကိုင်နိုင်ရေးအတွက် စက်ရေတွင်း အလှူရှင်ရရှိရေး ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ သာမဂ္ဂီသုခပရဟိတ အသင်းဥက္ကဋ္ဌ ဦးကျော်ဆန်က အွန်လိုင်းမှတစ်ဆင့် ချိတ်ဆက်၍ အကူအညီတောင်းခံခဲ့ရာ ယခုအခါ စင်ရေတွင်းအလှူရှင် ရရှိပြီဖြစ်၍ မကြာမီကာလတွင် ကျေးရွာနေပြည်သူများ ရာသီမရွေး သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် စက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် တောင်ချောင်းဆုံ ကျေးရွာမှ ဒေသခံပြည်သူများထံမှ သိရသည်။

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် တောင်ချောင်းဆုံကျေးရွာနဲ့ ကန်ရွာကျေးရွာမှာ စက်ရေတွင်း မရှိသည့်အတွက် ကျေးရွာနေပြည်သူတွေ နွေရာသီရောက်ပြီဆိုရင် သောက်သုံးရေ အခက်အခဲ ဖြစ်ရပါတယ်။ ခုတော့ ကျွန်တော်တို့ ကျေးရွာနေပြည်သူတွေ သောက်သုံးရေ ဖူလုံစေရေးအတွက် စက်ရေတွင်းအလှူရှင် ရပါပြီဗျ။ မနေ့ကပဲ အလှူရှင်မိသားစုက စက်ရေတွင်းတူးဖို့အတွက် အလှူငွေကျပ် သိန်း ၂၀ လာရောက်လှူဒါန်းပေးသွားပါပြီ။ အလှူရှင်က တော့ ဦးမောင်မောင်ဌေး - ဒေါ်လွင်လွင်မြင့် (USA) မိသားစုနဲ့ ဆွေမျိုးသားချင်းတွေလို့ သိရပါတယ်။ အလှူရှင်က ကျွန်တော်တို့ တောင်ချောင်းဆုံကျေးရွာအတွက် ငွေကျပ် သိန်း ၅၀ ၊ ကန်ရွာ ကျေးရွာအတွက် ငွေကျပ် သိန်း ၅၀ မတည်လှူဒါန်းပေးမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ငွေကိုတော့ ကျေးရွာ‌တွေက ဒေသခံပြည်သူလူထု ထည့်‌ဝင်ငွေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျေးရွာတစ်ရွာကို စက်ရေတွင်းနဲ့ ဂါလန် ၅၀၀၀ ဆံ့ ရေအုတ်ကန်တစ်လုံးစီ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ မကြာမီမှာ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ယခုလို သောက်သုံးရေ အမှန်တကယ် လိုအပ်တဲ့ကျေးရွာတွေကို စက်ရေတွင်းအလှူရှင် ရရှိအောင် အကျိုးဆောင်ပေးတဲ့ ညောင်ပင်စောက်ကျေးရွာ သာမဂ္ဂီသုခပရဟိတ အသင်းက ဦးကျော်ဆန်းကို လည်း ကျေးဇူးတင်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် တောင်ချောင်း ဆုံကျေးရွာမှ ဒေသခံပြည်သူတစ်ဦးက ပြောသည်။

သတင်း - လှိုင်ဝင်းလေး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)