ပြင်ဦးလွင်ခရိုင်တွင် အိုဇုန်းလွှာအကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြင်ဦးလွင်ခရိုင်တွင် အိုဇုန်းလွှာအကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပြုလုပ်



MNP - ဧပြီ    ၂၉

ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် အိုဇုန်းလွှာအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို  ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအား အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ Talk Show အစီအစဉ်များကို ကျင်းပလျက်ရှိပါ ကြောင်း၊ ယခုအခါတွင် အိုဇုန်းလွှာအကြောင်းနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲကို သက်ဆိုင်ရာဦးစီးဌာနဖြင့် ပူးပေါင်းစီစဉ်ကျင်းပရခြင်းကြောင်း ပြောကြားပြီး ပြင်ဦးလွင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက ကမ္ဘာ့လေထုများအကြောင်း၊ အိုဇုန်းလွှာဖြစ်ပေါ်ရခြင်းအကြောင်း၊ အိုဇုန်းလွှာသည် ဂေဟစနစ်တစ်ခုလုံးပေါ် အကျိုးကျေးဇူးပေးနိုင်ပုံအကြောင်းများနှင့် အိုဇုန်းလွှာကို ထိခိုက်ပျက်စီးစေမည့် ဒြပ်ပစ္စည်းများအား လျော့ချသုံးစွဲခြင်းဖြင့် အိုဇုန်းလွှာကို ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်သင့်သည့် အကြောင်းအရာများကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)