ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျောက်ပန္ဒူကမ်းခြေသောင်ပြင်တွင် စီးကရက်မျိုးစုံ တင်ဆောင်ထားသော လှေတစ်စီးအား ပိုင်ရှင်မဲ့သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျောက်ပန္ဒူကမ်းခြေသောင်ပြင်တွင် စီးကရက်မျိုးစုံ တင်ဆောင်ထားသော လှေတစ်စီးအား ပိုင်ရှင်မဲ့သိမ်းဆည်းရမိ





MNP ၊ ဧပြီ  ၂၇

ရခိုင်ပြည်နယ် မောင်တောခရိုင် ၊ မောင်တောမြို့နယ် ၊ ကျောက်ပန္ဒူကမ်းခြေသောင်ပြင်တွင် ဧပြီ ၂၆ ရက်နေ့ (၁၃ : ၄၅) အချိန်က  စီးကရက်မျိုးစုံတင်ဆောင်ထားသော လှေတစ်စီးအား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။ 

ဖြစ်စဉ်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့သည် သက်သေများ နှင့် အတူ မောင်တောမြို့နယ် ၊ ကျောက်ပန္ဒူ ကမ်းခြေသောင်ပြင်တွင် မသင်္ကာဖွယ် လှေတစ်စီးအားသွားရောက်စစ်ဆေးရာ ကျောက်ပန္ဒူကမ်းခြေသောင်ပြင်တွင် ဆာ လာအိတ်များဖြင့် ထုတ်ပိုးထားသည့် Yun Yan စာတမ်းပါ စီးကရက် အတောင့်(၅၀)ပါ ၊ အထုတ်ကြီး(၁၄)ထုတ် စုစုပေါင်း(၇၀၀)တောင့် ၊ Nanjiang စာတမ်းပါ အတောင့်(၅၀)ပါ အထုတ်ကြီး (၅)ထုတ် ၊စုစုပေါင်း(၂၅၀)တောင့် ၊ Jijun စာ တမ်းပါ အတောင့်(၅၀)ပါ အထုတ်ကြီး(၃)ထုတ် စုစုပေါင်း (၁၅၀)တောင့် ၊ Yuxi စာတမ်းပါ အတောင့်(၅၀)ပါ အ ထုတ်ကြီး(၁)ထုတ် စုစုပေါင်း (၅၀)တောင့် ၊ Fuponguany စာတမ်းပါ အတောင့်(၅၀)ပါ အထုပ်ကြီး(၁)ထုတ် စုစုပေါင်း (၅၀)တောင့် ၊ စုစုပေါင်းသိမ်းဆည်းရမိသည့် စီးကရက်မျိုးစုံ အတောင့်(၅၀)ပါ အထုပ်ကြီး(၂၄)ထုတ် (၁၂၀၀)တောင့် တို့ အား ရှာဖွေတွေ့ရှိပြီး ပိုင်ရှင်အား လတ်တလောရှာဖွေတွေ့ရှိခြင်းမရှိသဖြင့် ပိုင်ရှင်မဲ့သိမ်းဆည်းရမိ ခဲ့သဖြင့်  အဆိုပါ စီးကရက်မျိုးစုံ တို့အား အင်းဒင်နယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားရှိကြောင်းသိရသည်။ 


သတင်း - ဝေလ(မောင်တော)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)