ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

 


MNP -  ဧပြီ   ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများသို့ ယနေ့ နံနက်ပိုင်းက အမျိုးသားခန်းမ ကာကွယ်ဆေးထိုးစုရပ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIELD) (ပထမအကြိမ်) ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် မတ်လ (၁)ရက်နေ့ ရှေ့ပိုင်း ငါးသိုင်းချောင်းမြို့ပေါ်ရပ်ကွက် (၆)ခုတွင် ရပ်ကွက်အလိုက် (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးထားသည့် ဒေသခံပြည်သူများသို့ အမျိုးသားခန်းမဆေးထိုးစုရပ်တွင် (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ်များ ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများတွင် သက်ဆိုင်ရာ မြို့အဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ မြို့ကြက်ခြေနီအသင်းခွဲငယ်နှင့် လူမှုရေးအသင်းအဖွဲ့များက အဆက်မပြတ် ဝိုင်းဝန်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရပြီး ယနေ့အထိ ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားသူ ဦးရေ (၁၃၀၀၀)ဦးခန့်ရှိပြီဖြစ်ကြောင်း သိရှိရသည်။

သတင်း - စိုးမင်းဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)