ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

 


MNP - ဧပြီ   ၄

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်‌  ဒေသနေပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့် ရှိစေရန်နှင့် စာပေ ဖတ်ရှုခြင်းမှ ရရှိသော စာဖတ်ခြင်း၏  အကျိုးကျေးဇူးများ အကြောင်းသိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမတွင် စာရေးဆရာခင်မောင်အေး ရေးသားထားသော   “လူရယ်လို့ ဖြစ်လာလျှင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ စာကြည့် တိုက် လက်ထောက်-၃ ဒေါ်တင်တင်လှက လူငယ်များအနေဖြင့် စာဖတ်ခြင်းမှ ရရှိသည့် အသိပညာဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စာပေ ချစ်သူများအချင်းချင်း တစ်ဉီးနှင့်တစ်ဉီး အပြန်အလှန်ဆွေးနွေးသည့် အလေ့အကျင့် ရှိစေရန် အတွက်  စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ယခုဆွေးနွေးသည့် စာအုပ်သည် လူငယ် များ အနေဖြင့် ဖတ်သင့်သည့် စာအုပ်ကောင်းလေး တစ်အုပ်ဖြစ်ကြောင်း စသည်ဖြင့်  ရှင်းလင်း ပြောကြားပြီးနောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ ဘဝဆိုတာခဏလေးပါ၊ မှတ်မိသ‌လောက် ငယ်စဉ်ဘဝ၊ တဖြည်းဖြည်းနဲ့ တိုးတတ်လာခဲ့ခြင်း၊‌ အောင်မြင်လာ‌သော အချိန်များစသည့်  စာအုပ်တွင်ပါရှိသည့်  အကြောင်းအရာများကို အကျဉ်းချုပ်အပြန်အလှန်  ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)