MNP - ဧပြီ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက စတင်၍ အ-ထ-က(ဟိုပန်) စာစစ်ဌာန၌ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဟိုပန်မြို့နယ်တွင် အ-ထ-က(ဟိုပန်)စာစစ်ဌာနတစ်ခုရှိပြီး ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကို မတ်လ (၃၁)ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့ ဓာတုဗေဒဘာသာရပ်တွင် ကျောင်းသား(၂၉)၊ ကျောင်းသူ(၆၄)ဦး စုစုပေါင်းဖြေဆိုသူ (၉၃)ဦးရှိပြီး ဖြေဆိုမှု ရာခိုင်နှုန်း ၈၉ ဒသမ ၄၂ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သတင်း - ဇင်ဇင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment