MNP - ဧပြီ ၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ရုံးခန်း၌ ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က ဒေါက်တာကျော်စိန် ရေးသားထားသော “လူငယ်လမ်းညွှန်” စာအုပ် ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်မို့မို့က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ကြောင့် လူငယ်လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိလာ စေရန်၊ စာပေအကြောင်း အရာများကို နှီနှော ဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားစေရန်စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ် ဝိုင်းကို ပြုလုပ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နာက် (Youth Club) အသင်းမှ မနှင်းယုစံက လူငယ်နှင့်ကျန်းမာရေး၊ မမြမွှေးလေးက လူငယ်နှင့်ကြီးပွားရေး၊ မခိုင်ဇင်ထက်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ မဟေမန်ဦးက လူငယ်နှင့်ပညာရေး စသည့်ခေါင်းစဉ် အသီးသီးတို့ကို ဖတ်ကြားခဲ့ကြပြီး စာအုပ်ပါ အကြောင်းအရာများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်းနှင့် စာဖတ်ဝိုင်းကို တစ်လလျှင် (၁)ကြိမ် ပြုလုပ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရပါသည်။
သတင်း - မြင့်သွယ်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment