၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် ( ရန်ကုန်၊ စစ်ကိုင်း ) တို့တွင် တက်ရောက်ကြမည့် သင်တန်းသူ၊ သင်တန်းသားများနှင့် တွေ့ဆုံပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် ( ရန်ကုန်၊ စစ်ကိုင်း ) တို့တွင် တက်ရောက်ကြမည့် သင်တန်းသူ၊ သင်တန်းသားများနှင့် တွေ့ဆုံပွဲ ကျင်းပ

 


MNP - ဧပြီ   ၂၇

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်( ရန်ကုန်၊ စစ်ကိုင်း)တို့တွင် တက်ရောက်ကြမည့် သင်တန်းသူ၊ သင်တန်းသားများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ဧပြီလ ၂၆ရက်နေ့ မွန်းလွဲပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် ( ၁၄ ) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဝဏ္ဏကျော်ထင် ဦးမောင်ကိုက အဖွင့်အမှာစကားပြောကြားပြီး သင်တန်း သား၊ သင်တန်းသူ ၂၃ ဦးအတွက် ထောက်ပံ့ငွေကျပ် ၂၃သိန်း ပေးအပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ကျေးဇူး တင်စကားပြောကြားပြီးနောက် စုပေါင်းအမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကာ ရင်းရင်းနှီးနှီး နှုတ်ဆက်စကားများ ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဝဏ္ဏကျော်ထင် ဦးမောင်ကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင် ရာမှ တာဝန်ရှိသူများ ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း၊ ယခုသင်တန်းသား၊ သင်တန်းသူများမှာ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မိုးကုတ်၊ သပိတ်ကျင်း၊ စဉ့်ကူး၊ သာစည်နှင့် ကျောက်ဆည်မြို့နယ်တို့မှ အဆင့်ဆင့် စိစစ်ရွေးခြယ်ထားသူများဖြစ်ပြီး ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ( ရန်ကုန်၊ စစ်ကိုင်း )တို့တွင် တက်ရောက်ကြမည့် သူများဖြစ်ကြောင်း သိရသည်။

သတင်း - ထိပ်ထားနိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)