ရန်ကင်းမြို့နယ်၌ Sinopharm ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး ခြောက်လပြည့်ပြီးသူများအား (Astra Zeneca)ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ဆက်လက်ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကင်းမြို့နယ်၌ Sinopharm ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး ခြောက်လပြည့်ပြီးသူများအား (Astra Zeneca)ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ဆက်လက်ကွင်းဆင်းဆောင်ရွက်



MNP - ဧပြီ    ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်ရှိ ပြည်သူများ Sinopharm ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး ခြောက်လပြည့်ပြီး သူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster (Astra Zeneca)ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက်  ရောဂါကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီး(၆)လပြည့်ပြီးသူများ၊ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster(Astra Zeneca)ထိုးနှံခြင်းကို  ပြည်သူ့ကျန်း မာရေးဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ရန်ကင်းမြို့နယ်၊ မိုးကောင်းသာသနာ့ဗိမာန်တော်ကြီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ရန်ကင်းမြို့နယ်ရှိ သတ်မှတ်အုပ်စုများအလိုက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံရာတွင် ပြည်သူများ ကျန်ရှိမှုမရှိစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ကြကြောင်းသိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက အပူချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏ တိုင်းတာပေးခြင်း၊ ရောဂါအခံ ရှိ၊မရှိ မေးမြန်းခြင်းတို့ကို ဆောင်ရွက်ပေးပြီးမှသာ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးလာရောက်ထိုးနှံကြသူများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း၊ အဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူပေါင်း၍ ဆေးထိုးနှံရန်လာကြသူများကို အဆင်ပြေ ချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသည်။

သတင်း - အိရွှေစင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)