အိမ်မဲမြို့နယ် ချောင်းဝပိုင်းရပ်ကွက်တွင် Clean City ဖြစ်လာစေရေး စုပေါင်းအမှိုက်ကောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အိမ်မဲမြို့နယ် ချောင်းဝပိုင်းရပ်ကွက်တွင် Clean City ဖြစ်လာစေရေး စုပေါင်းအမှိုက်ကောက်

 



MNP - ဧပြီ   ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း Clean City ဖြစ်လာစေရေး အတွက် အပတ်စဉ်သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ရာ ယနေ့ နံနက်တွင် ချောင်းဝပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို စည်ပင်သာယာရေးကော်မတီနှင့် ဝန်ထမ်းအင်အား(၅၀)ဦးမှ ချောင်းဝပိုင်းရပ်ကွက်၊ ပိတောက်ရွှေဝါလမ်း ကမ်းနားဘက်တလျှောက် စွန့်ပစ်အမှိုက် (ဝ.၅)တန်ခန့်ကို စုပေါင်းအမှိုက်ကောက်ကြပြီး အမှိုက်သိမ်းယာဉ်များဖြင့် စနစ်တကျသယ်ယူ စွန့်ပစ်ပေးခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်အတွင်း Clean City ဖြစ်လာစေရေးအတွက် အပတ်စဉ် သန့်ရှင်းရေးများကို ယခင်အပတ်တွင်လည်း စာချွန်ခံရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်းလည်းသိရသည်။

သတင်း - ချစ်သက်လယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)