ဘားအံမြို့၌ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘားအံမြို့၌ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

 


MNP - ဧပြီ   ၉

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ပြည်သူ့ဝန်ဆောင်မှု ရုံးခန်း အစည်းအဝေးခန်မး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးထင်က အဖွင့်အမှာစကားပြောကြား ရာတွင် ဘားအံမြို့နယ်၏ ၂၀၂၂ -၂၀၂၃ ဘဏ္ဍရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအပေါ် အကောင်အထည်ဖော်ရာတွင် ကဏ္ဍအလိုက် ရာနှုန်းပြည့်အကောင် အထည်ဖော်နိုင်ရေး၊ လုပ်ငန်းစီမံကိန်းများအောင်မြင်စေရန်အတွက် သွင်းအားစုများအချိန်မီရရှိအောင် စီမံဆောင်ရွက်ရန်နှင့် အကျိုးရှိရှိ အသုံးချကြရန်၊ နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးများ သုံးစွဲရာ တွင်ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျသုံးစွဲဆောင်ရွက်ရန်၊ အရည်အသွေးပြည့်ဝပြီး သတ်မှတ်ချိန်မီပြီးစီးရေး ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံကိန်း ဦးစီးမှူး ဒေါ်ခင်သီတာက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက်များကို နိုင်ငံတော်က ချမှတ်ထားသည့် စီးပွားရေးမူဝါဒများ ၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်နှင့်အညီ ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် ပေါင်းစပ်ရေးဆွဲထားသည့် ရည်မှန်းချက်များဖြစ်ပြီး ပြည်သူကိုအကျိုးပြုစေရေးနှင့် ပြည်သူလူ ထု၏ လူမှုဘဝတိုးတက်မြင့်မားရေးအတွက် ရေးဆွဲထားခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။

ထို့နောက် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ကဏ္ဍအလိုက် စီမံကိန်းများနှင့် ဒေသအလိုက် ဖွံ့ဖြိုးရေးစီမံကိန်းများကို လွဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)