MNP - ဧပြီ ၉
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ကာကွယ်ဆေးထိုးစုရပ်များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ယမန်နေ့ နံနက် ၉ နာရီအချိန်က အခမဲ့ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မုံးကိုးမြို့၊ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေး သည်။ ကာကွယ်ဆေးစနစ်တကျထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးမထိုးမီ ဆေးလာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းများဆောင်ရွက်ပေးပြီး Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကို Booster Dose ထိုးနှံပေးသည်။ ထို့ပြင် ကာကွယ်ဆေးထိုးပြီးကြောင်း QR မှတ်တမ်းများကို စနစ်တကျ မှတ်တမ်းတင် သည်။ မုံးကိုးမြို့တွင် စုစုပေါင်းလူဦးရေ(၄၀၀၀)ကျော်အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပေးထားပြီးဖြစ်သည်။ မုံးကိုးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပြီးသူ တိုင်းရင်းသားပြည်သူများအားလုံးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် လူဦးရေ (၁၀၀၀) အား Booster Dose ထိုးနှံပေးပြီးဖြစ်ပြီး ကျန်ရှိသူများကို Booster Dose ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ယဉ်ကျေးမှုအဖွဲ့များ၊ ပရဟိတအဖွဲ့များက လိုအပ်သည့်နေရာများတွင် ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
သတင်း - သန်းဇော်ဦး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment