မိုင်းရယ်မြို့နယ် Community Center ခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရယ်မြို့နယ် Community Center ခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ပြုလုပ်

 


MNP - ဧပြီ    ၁၉

ပြည်သူများအားလုံး အလေးထားလိုက်နာရန်လိုအပ်သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ကို ယမန်နေ့ညနေ(၃)နာရီက လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမတွင် ပြုလုပ်ပါသည်။

အသိပညာပေး Talk Show တွင် မိုင်းရယ်မြို့ စာပေဝါသနာရှင် စာရင်းစစ်မှူး(ငြိမ်း) ဦးဉာဏ်တင်မှ အလေးထားစရာ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာများ၊ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာ လိုအပ်ချက်များနှင့် စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းခြင်း ဆိုင်ရာများကို ဆွေးနွေးပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မာလာက နိုင်ငံတော်၏ သဘာဝသယံဇာတအရင်းအမြစ်များကို စနစ်တကျစီမံကွပ်ကဲ ရန် လိုအပ်ချက်များကို ဆွေးနွေးခဲ့ပါသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းရယ်မြို့နယ်ရုံး စာကြည့်တိုက် ခန်းမတွင် အသိပညာပေး Talk Show များသာမက Book Club၊ Youth club အဖွဲ့များဖြင့် လစဉ်စာဖတ်ဝိုင်းများ၊ ပြပွဲပြိုင်ပွဲများကို ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်း - ကျော်ဇင်ထိုက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)