ရွှေတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ " နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ" စာအုပ်ဖြင့် ဝန်ထမ်းများစာဖတ်ဝိုင်းပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ " နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ" စာအုပ်ဖြင့် ဝန်ထမ်းများစာဖတ်ဝိုင်းပြုလုပ်




MNP - ဧပြီ   ၉

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ ၌ ယမန်‌နေ့ မွန်းလွဲ  ၂ နာရီက "  နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ" စာအုပ်ဖြင့် ဝန်ထမ်းများ စုပေါင်းစာဖတ်ဝိုင်းကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်က  ဝန်ထမ်းများအားလုံး  နိုင်ငံ့ဝန်ထမ်းများသည်သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်း၊ဝန်ထမ်းအမျိုးအစား အလိုက်လုပ်ငန်းသဘာဝအလျောက် သတ်မှတ်ထားသည့် ကျင့်ဝတ်နှင့်စည်းကမ်းများကို လိုက်နာရမည့်အပြင် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးသတ်မှတ်ချက်ကိုလည်း စောင့်ထိန်းလိုက်နာစေရန်   ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဓာတ်ပုံ -၂ ဦးကိုကိုမင်းက အခန်း(၁) နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးသတ်မှတ်ရခြင်း၏ ရည်ရွယ်ချက်များ ၊အခန်း(၄) လုပ်ငန်းတာဝန်များကို ဇွဲ့၊လုံ့လ၊ ဝီရိယဖြင့် တိကျမှန်ကန်မြန်‌ဆန်ထိရောက်စွာ ဆောင်ရွက်ခြင်းနှင့် ရုပ်သံ-၃ ဒေါ်အေးအေးခိုင်က အခန်း (၈)ဝန်ထမ်းများအားလုံးပါဝင်၍ ပူးပေါင်းညှိနှိုင်းဆောင်ရွက် မှုနှင့်ပတ်သက်၍  ဖတ်ကြားဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများက သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကာ မြို့နယ်ဦးစီးမှူးက ဖြည့်စွက်ဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေတောင်မြို့နယ်ရုံးဝန်ထမ်းများအား  လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊သတင်းမီဒီယာဥပ‌‌ဒေစာအုပ်များကို လစဉ် တစ်လလျှင်(၂)ကြိမ် စာဖတ်ဝိုင်းများကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)