ရမ်းဗြဲမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲစာစောင် စာအုပ်ဖြင့်စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရမ်းဗြဲမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲစာစောင် စာအုပ်ဖြင့်စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်



MNP - ဧပြီ    ၇

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန Community Centre ခန်း၌ ယနေ့နေ့လယ် ၁၂ နာရီအချိန်ကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများ  စာကြည့်တိုက်လုပ်ငန်းများ ကျွမ်းကျင်စွာသိရှိနားလည်လာနိုင်စေရေးအတွက်  စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲစာစောင်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ကြပါသည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမ်းဗြဲမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲစာစောင်စာအုပ်မှ စာအုပ်များလေလွင့်ပြုန်းတီးမှုမဖြစ်စေရန်လိုက်နာရမည့်(၁၀)ချက်ကိုဖတ်ကြားဆွေးနွေးပေးပါသည်။ ၎င်းင်းနောက် ရုပ်သံကျွမ်းကျင်-၃၊ ဒေါ်ကြည်ကြည်အေးမှ သဘာဝဘေးအန္တရာယ်များမှကြိုတင်ကာကွယ်ခြင်းအချက်(၆)အားလည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃၊ ဦးမောင်ကြည်မှ စာကြည့်တိုက်မှူး၏ အရည်အချင်းများ(၁၀)ချက် တို့ကို ဖတ်ကြားပေးပြီး ဝန်ထမ်းများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်မှ ဆွေးနွေးချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပေးပြီး စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များနှင့် စာဖတ်ဝိုင်းများကို လစဉ်ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကို ဆွေးနွေးမှာကြားပေးခဲ့ကြောင်းသိရသည်။

သတင်း - အောင်နိုင် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)