"အကြမ်းဖက် အန္တရာယ် တုန့်ပြန်ကာကွယ်၊ နှိမ်နင်းသူများကို ရာဇဝတ်မှုများဖြင့် အရေးယူခြင်းမှ ကင်းလွတ်ခွင့်ဥပဒေ" ပြဋ္ဌာန်းပေးပါရန် - Myanmar National Post

Myanmar National Post

News Agency

Breaking

"အကြမ်းဖက် အန္တရာယ် တုန့်ပြန်ကာကွယ်၊ နှိမ်နင်းသူများကို ရာဇဝတ်မှုများဖြင့် အရေးယူခြင်းမှ ကင်းလွတ်ခွင့်ဥပဒေ" ပြဋ္ဌာန်းပေးပါရန်


(၇-၄-၂၀၂၂) ရက်နေ့ မနက်ပိုင်းက ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ကို NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေက သေနတ်နဲ့ ပစ်သွားသတဲ့။ သတင်းအတည်ပြုချက်မရလို့ သတင်းမှန်ရဲ့ ထုတ်ပြန်ချက်ကို စောင့်ကြည့်နေတယ်။ နေ့လည်လောက်မှာ သတင်းမှန် ပြန်ကြားရေးက ပြည်ထဲရေးဝန်ကြီးဌာနကို ကိုးကားပြီး ဖြစ်စဉ်မှန်ကန်ကြောင်း ပြောဆိုသွားတယ်။

ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဆိုတာ နိုင်ငံတော်အဆင့်၊ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်တယ်။ ပြောကြကြေးဟေ့ဆိုရင် သမ္မတ၊ ဝန်ကြီးချုပ်ဆိုတာတွေက ရွေးကောက်တင်မြှောက်ရင် စာမတတ်ပေမတတ်လည်း လုပ်လို့ရတယ်။ ဗဟိုဘဏ် ဒုဥက္ကဋ္ဌလို နေရာမျိုးက ခန့်ချင်တဲ့သူ ခန့်လို့ ရတဲ့နေရာမျိုးမဟုတ်ဘူး။ ဒီလို အဆင့်မြင့်အရာရှိတစ်ဦးကို NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေက လုပ်ကြံပစ်ခတ်သွားတယ်။

ကျွန်တော် မျက်ရည်ကျမိတယ်။ ဝမ်းနည်းမိတယ်ဗျာ။ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များ တိုင်းပြည်ကောင်းကျိုးအတွက် အဘက်ဘက်က ကြိုးစားဆောင်ရွက်နေကြတဲ့ အခြေအနေ သတင်းတွေကို ဖော်ပြနေရင်းက အဲဒီလို NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေ သတ်လို့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေ ထိခိုက်ဒဏ်ရာရ၊ သေဆုံးရတဲ့ သတင်းတွေ တက်လာတိုင်း အလုပ် လုပ်ချင်စိတ်မရှိတော့အောင်ကို ခြေကုန်လက်ပမ်းကျပြီး ဝမ်းနည်းမိတယ်။

NLD တွေဟာ ဒီလောက်ထိအောင် ယုတ်မာသလား၊ NLD တွေ ဘယ်အချိန်အထိ ယုတ်မာရက်စက်နေကြအုံးမှာလဲ။ တစ်ယောက်တည်း မေးခွန်းထုတ်နေမိတယ်။ NLD အစွန်းရောက်တွေက အဲဒီလောက်အထိ ကမ်းကုန်အောင် ယုတ်မာရိုင်းစိုင်းနေတဲ့ အခြေအနေမှာတောင် သူယုတ်မာတွေအပေါ် အလွန်အမင်းစေတနာတွေ လွန်ကဲနေရလား။ အပြစ်မဲ့ သေဆုံးနေရတဲ့ ပြည်သူတွေအတွက် အကာအကွယ်ရရာ၊ ရကြောင်း မလုပ်ကြတော့ဘူးလား။ ဒီမေးခွန်းကလည်း ကိုယ့်ကိုယ်ကို မေးနေတဲ့ မေးခွန်းသာ ဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ အပြစ်ပြောလို့ မရတော့ဘူး။ ဘယ်သူမှ အပြစ်မရှိကြဘူးလေ။ အပြစ်သားက NLD အစွန်းရောက် အကြမ်းဖက်တွေပဲ ဖြစ်တယ်။ 

အကာအကွယ် မပေးနိုင်ရကောင်းလားလို့ ပြစ်တင်စကား ထိုင်ပြောနေလည်း ပြောတာပဲ အဖတ်တင်တယ်။ ကိုယ့်စကားကို ဘယ်သူကမှလည်း အလေးထားပြီး လုပ်မပေးနိုင်သလို ကိုယ်တိုင်လည်း ဘယ်သူ့ဘယ်သူကိုမှ အကာအကွယ် မပေးနိုင်ဘူး။

ဒီနေ့ (၇-၄-၂၀၂၂) ရက်နေ့ ညနေပိုင်း သတင်းထုတ်ပြန်ချက်တွေ တက်လာပြန်တော့လည်း ရေးမြို့မှာ Mytel ရုံးကို NLD အစွန်းရောက် အကြမ်းဖက်သမားတွေက ဝင်ပြီး ဖောက်ခွဲသွားလို့ သန့်ရှင်းရေးလုပ်သား အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးတယ်။ ၅နှစ်သား အရွယ်ကလေး တစ်ဦးအပါအဝင် (၃)ဦး ဒဏ်ရာရတယ်။ ၅နှစ်သား ကလေးက စိုးရိမ်ရ အခြေအနေရှိတယ်။  ဒီဖြစ်စဉ်က မြန်မာပြည်ရဲ့ တောင်ဘက်ဖျားက ဖြစ်စဉ်။

မြန်မာပြည်ရဲ့ အလယ်ပိုင်း စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ညောင်ငုတ်တိုကျေးရွာမှာတော့ မိဘမဲ့ ပရဟိတကျောင်းဆရာမ ဒေါ်ဟေမာ ကို NLD အစွန်းရောက် အကြမ်းဖက်သမားတွေက သေနတ်နဲ့ ပစ်သတ်သွားပြီး ရွာကိုပါ မီးရှို့ထားခဲ့တယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့လည်း အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ တွေ့ရတယ်။ ဆရာတော်သံဃာတော်တွေ၊ ရွာသူရွာသား ကလေးငယ်တွေပါ ကြောက်လန့်ပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ ကျန်တဲ့ သံဃာတော်တွေနဲ့ ရွာသားတွေကို စာသင်ကျောင်းမှာ နေရာချထားပြီး လုံခြုံရေး ဆောင်ရွက်ပေးထားရတဲ့ အခြေအနေကို တွေ့ရတယ်။ ဒါက မြန်မာပြည်အလှယ်ပိုင်းဖြစ်စဉ်။

မြန်မာပြည်ရဲ့ အရှေ့ပိုင်း မြဝတီဘက်မှာဆိုရင်လည်း NLD အစွန်းရောက် အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်ဆိုသူတွေက မကြာခဏ ကုန်တင်ကားကြီးတွေကို မီးရှို့ဖျက်ဆီးပြီး ဓားပြတိုက်နေလို့ အတိဒုက္ခရောက်နေကြရတယ်။ ရန်ကုန်မြို့ပေါ်မှဆိုရင်လည်း လုပ်ကြံသတ်ဖြတ်မှုတွေက ခပ်စိပ်စိပ်ဖြစ်လာတယ်။


ဒီအချိန်မှာက အားလုံးက အသက်အပိုကြတဲ့သူတွေ မဟုတ်ဘူး။ သေပြီးမှ ပြစ်တင်စကား ပြောနေလို့လည်း မထူးဘူး။ ဒါပေမယ့် ကျွန်တော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ဒုဥက္ကနဲ့ အဖွဲ့ဝင်များကိုတော့ မိမိတို့ရဲ့ ခေါင်းဆောင်ကြီးများအဖြစ်၊ တိုင်းပြည်ကို ဦးဆောင်နေကြသူများဖြစ်တဲ့အတွက် ကျွန်တော် အလေးအနက်ထားပြီး တင်ပြလိုတယ်။ အားလုံဟာ တိုင်းပြည်ကောင်းကျိုးအတွက် မဟာဗျူဟာစီမံကိန်းတွေ ချမှတ်ပြီး အလုပ် လုပ်နေကြလို့ လေးစားတယ်။ လေးစားလွန်လို့လည်း တင်ပြခြင်း ဖြစ်ပါတယ်။


ကျွန်တော်တို့တတွေဟာ NLD အစွန်းရောက် နီပိန်းတွေကို ကြောက်လို့ မတုန့်ပြန်ဘဲ နေကြခြင်းမဟုတ်ပါဘူး။ နီပိန်း အကြမ်းဖက်အန္တရာယ် နှိမ်နင်းရေးမှာ ခိုင်းစေလိုတယ်ဆိုရင် အဘတို့ ခိုင်းချင်သလိုခိုင်းနိုင်ပါတယ်။ နီပိန်း အကြမ်းဖက် နှိမ်နင်းရေးအတွက်ကိုပဲ ပြောခြင်းဖြစ်ပါတယ်။

NLD အစွန်းရောက် နီပိန်း အကြမ်းဖက်တွေက နေ့စဉ်ရက်ဆက် ဆရာတော်သံဃာတော်၊ ဆရာ/ဆရာမ မချန် လုပ်ကြံသတ်ဖြတ်နေတာတွေကို နှလုံးစိတ်ဝမ်း အေးချမ်းစွာနဲ့ ထိုင်ကြည့်နေရက်လို့လည်း မဟုတ်ပါဘူး။

အဘတို့ မသိနိုင်တဲ့ အမှန်တရားတစ်ခုကို ကျွန်တော် ပြောချင်ပါတယ်။ မြို့တွေ၊ ခရိုင်တွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ တချို့ တချို့တွေက NLD အစွန်းရောက် နီပိန်း အကြမ်းဖက်သမားကိုသာ မနိုင်တာ ရှိရမယ်။ အကြမ်းဖက်မှုတွေကို မလိုလားတဲ့ ပြည်သူတွေကိုတော့ ခွေးက ချီးကို နိုင်သလို နိုင်ပါတယ်။ ဟောက်စားရမလား။ ခြောက်စားရမလား။ မျိုးစုံ လုပ်တတ်ပါတယ်။ တချို့ကိုသာ ရည်ညွှန်းခြင်းဖြစ်ပါတယ်။ တိုင်းပြည်ကောင်းကျိုးအတွက်၊ တည်ငြိမ်အေးချမ်းရေးအတွက် အလေးထားဆောင်ရွက်နေသူ မည်သူ့ကို မဆို ကျွန်တော်က ဦးညွှတ်လျက်ပါ။

ကျွန်တော် သတင်းစာရှင်းလင်းပွဲမှာ နာမည်တပ်ပြီး ဖော်ထုတ်ပြောဆိုခဲ့ဖူးတဲ့ မင်းဘူးဖြစ်စဉ်တစ်ခု ရှိပါတယ်။ တပ်မတော်သား သက်ပြည့်ပင်စင်နဲ့ အငြိမ်းစား ယူထားတဲ့ ဦးဟန်ထွန်းကို မင်းဘူးရဲက ပုဂ္ဂိုလ်ရေးအညှိုးနဲ့ CDM လှုံ့ဆော်ပါတယ်ဆိုပြီး နံရိုး၅ချောင်း ကျိုးအောင် ရိုက်ခဲ့တယ်။ ဦးဟန်ထွန်း အသုံးပြုတဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ CDM လှုံ့ဆော်မှု မြောက်အောင် ဖန်တီးရေးသားတာက ရဲအရာရှိတွေ ဖြစ်နေတယ်။ ရဲအရာရှိတွေ ရေးတဲ့ စာသားနဲ့ ဦးဟန်ထွန်းကိုတော့ CDM လှုံ့ဆော်သူပါဆိုပြီး ၅၀၅-က တပ်ပြီး ထောင်ထဲ ထည့်ခဲ့တယ်။ အခု ဒုက္ခိတဘဝနဲ့ ဦးဟန်ထွန်း မင်းဘူးမှာပဲ ရှိနေပါတယ်။ CDM လှုံ့ဆော်စာရေးတဲ့ ရဲအရာရှိနဲ့ အပေါင်းအပါတွေကိုတော့ တစ်ယောက်မှ အရေးမယူပါဘူး။ အခုဆို တချို့ ရာထူးတိုးနဲ့တောင် ပြောင်းရွှေ့သွားကြပြီ။ အကြမ်းဖက်သမားကို မနိုင်ပေမယ့် အကြမ်းဖက်မှုတွေကို မလိုလားတဲ့ ပြည်သူတွေကိုတော့ ခွေးက ချီးကို နိုင်သလို နိုင်တယ်ဆိုတဲ့ သက်သေသာဓက ပြဆိုခြင်း ဖြစ်ပါတယ်။

အခုထိလည်း ရဲအရာရှိတွေကို အရေးယူပေးခြင်း မရှိတဲ့အတွက် ဒုက္ခိတဘဝနဲ့ ဦးဟန်ထွန်း ခမျာမှာ နေ့စဉ်နဲ့အမျှ နှလုံးစိတ်ဝမ်း မအေးချမ်းရပါဘူး။ မတရားသဖြင့် ခံခဲ့ရတဲ့သူက တရားမျှတမှုကို လိုချင်တာ အတ္တကြီးခြင်းလည်း မဟုတ်ဘူး။ အစွန်းရောက်ခြင်းလည်း မဟုတ်ပါဘူး။ နိုင်ငံတော် အကြီးအကဲများရဲ့ လက်သုံးစကားဖြစ်တဲ့ ဥပဒေစိုးမိုးရေး၊ တရားမျှတမှုအတွက်သာ ဖြစ်ပါတယ်။


လေးစားရပါသော လူကြီးမင်းများခင်ဗျာ -

နိုင်ငံတော်ရဲ့ အကြီးအကဲများအနေနဲ့ အာဏာကို ခုတုန်းလုပ်ပြီး ကိုယ်ကျိုးမရှာဖို့လည်း ပြောခဲ့ပါတယ်။ ဥပဒေစိုးမိုးရေးကို အလေးထားလုပ်ဆောင်ကြဖို့လည်း ပြောခဲ့ပေါင်းများပါပြီ။ ဥပဒေစိုးမိုးရေးကို တကယ်လုပ်ရမယ့် သူတွေကို နိုင်ငံတော်အကြီးအကဲများရဲ့ စကားကို အလေးထားခြင်း မရှိပါဘဲနဲ့ ဘယ်လိုများ ဥပဒေစိုးမိုးနိုင်မလဲ။ ဘယ်လိုနည်းနဲ့များ တည်ငြိမ်အေးချမ်းနိုင်ပါ့မလဲ။

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်မှာ အစောပိုင်းကာလ NLD အကြမ်းဖက်တွေ အလွန်အမင်းဆိုးသွမ်းနေတဲ့ အချိန် မိသားစုဝင်တွေ အသတ်ခံရပြီး နေအိမ်တွေ မိရှို့ဖျက်ဆီးခံရတဲ့ မိသားစုဝင်တွေနဲ့ သွားရောက် တွေ့ဆုံမေးမြန်းခဲ့ဖူးတယ်။ သူတို့ တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောဖို့ရာ မစွမ်းသာဘဲ မျက်ရည်ကျကြတော့တာပဲ။ 


နိုင်ငံတော်အကြီးအကဲများခင်ဗျာ - ပြည်သူတွေ နေ့စဉ်နဲ့အမျှ ဒူးနဲ့မျက်ရည်သုတ်နေရတဲ့ အဖြစ်အပျက်တွေဟာ အရသာခံပြီး ကြည့်နေလို့ ကောင်းတဲ့အရာတွေ မဟုတ်ဘူးလို့ ထင်ပါတယ်။ နိုင်ငံတော်စီမံအုပ်ရေးကောင်စီ အဖွဲ့ဝင်များအနေနဲ့ တစ်ရက်လောက် အချိန်ပေးပြီး NLD အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ ဘေးအန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ မိသားစုဝင်တွေနဲ့ တွေ့ပြီး နှစ်သိမ့်အားပေးစကားလေး ပြောကြည့်စေချင်ပါတယ်။ နေပြည်တော်ထဲမှာပဲ လာရောက်တိမ်းရှောင်နေရတဲ့ သူတွေ ရှိပါတယ်။ တွေ့ဆုံဖို့ရာလည်း မခက်ခဲပါဘူး။ နိုင်ငံတော်အကြီးအကဲများရဲ့ မျက်နှာကိုကြည့်ပြီး အားရပါးရ ငိုခွင့်ရရင် သူတို့ရင်ထဲက အစိုင်အခဲတွေလည်း အထိုက်အလျှောက် ပြေလျှော့သွားလိမ့်မယ်လို့ ထင်ပါတယ်။


လေးစားအပ်ပါသော လူကြီးမင်းများ ခင်ဗျာ -

သတင်းစာရှင်းလင်းပွဲတွေမှာလည်း ပြန်ကြားရေးဒုဝန်ကြီးက ပြည်သူပူးပေါင်းပါဝင်သော ကာကွယ်ရေးကို ဖော်ဆောင်ဖို့ ပြောခဲ့သလို၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦစီးချုပ်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကလည်း နိုင်ငံတော်၏ ကာကွယ်ရေးမဟာဗျူဟာသည် တပ်မတော်ကို မဏ္ဍိုင်ပြု၍ ပြည်သူတစ်ရပ်လုံးပါဝင်သည့် ပြည်သူ့စစ်မဟာဗျူဟာ ဖြစ်ကြောင်း ပြောကြားခဲ့သည်ကို မှတ်သားမိပါသည်။

ယနေ့အချိန်အခါတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဆူပူအကြမ်းဖက်၊ ဖောက်ခွဲတိုက်ခိုက်၊ လုပ်ကြံသတ်ဖြတ်မှုများကို နိုင်ငံတော်အကြီးအကဲများ၏ မိန့်ခွန်းများတွင်လည်း မကြာခဏကြားရပါသည်။ ထိုသို့ ဆူပူအကြမ်းဖက်၊ ဖောက်ခွဲတိုက်၊ လုပ်ကြံသတ်ဖြတ်မှုများကို ကျူးလွန်နေကြသူများမှာ NLD အစွန်းရောက် အကြမးဖက်သမားများဖြစ်သည်ကိုတော့ ထိန်ချန် ပြောဆိုသည်ကိုလည်း သတိပြုမိပါသည်။

မည်သို့ဆိုစေ နိုင်ငံတော်အကြီးအကဲများအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းကို အလေးထား လုပ်ဆောင်နေသည်ဟု ယုံကြည်သောကြောင့် ကျွန်တော်တစ်ဦးတစ်ယောက်အနေဖြင့် NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ အန္တရာယ်ကို ကာကွယ်တားဆီး နှိမ်နင်းရေးကို မိမိတတ်စွမ်းသည့်နည်းလမ်းဖြင့် တစ်ထောင့်တစ်နေရာမှ ပါဝင် ဆောင်ရွက်လိုပါသည်။ ကျွန်တော်ကဲ့သို့ပင် တည်ငြိမ်အေးချမ်းမှုကို လိုလားပြီး အကြမ်းဖက်သမားများကို ဝိုင်းဝန်းနှိမ်နင်းလိုသော ပြည်သူအများအပြား ရှိကြပါသည်။ အစွန်းရောက် အကြမ်းဖက်နေသူများမှာ NLD ပါတီဦးဆောင်သူများနှင့် ၎င်းတို့၏ နောက်လိုက်များဖြစ်ပြီး အခြားသော ပါတီအဖွဲ့အစည်းဝင်များ၊ ပါတီအဖွဲ့အစည်းဝင်မဟုတ်သူများသည် တည်ငြိမ်အေးချမ်းရေး၊ အကြမ်းဖက်အန္တရာယ်နှိမ်နင်းရေးကို ဆောင်ရွက်လိုကြသူများ ဖြစ်ကြပါသည်။

NLD အစွန်းရောက် အကြမ်းဖက်များကို လက်တုန့်မပြန်ဝံ့ကြ၍ မဟုတ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲများ မသိနိုင်သော ဥပဒေမဲ့ အကြမ်းဖက်အားပေး လာဘ်ပေးလာဘ်ယူမှုများကြောင့် ကြားညပ်ရမည့် အခြေအနေဖြစ်သောကြောင့် နောက်တွန့်နေရသည့် ပြည်သူများအတွက် တစ်ခုတည်းသာ တောင်းဆိုလိုပါသည်။

အကာအကွယ် မပေးနိုင်သည့်အခြေအနေများ၊ အကာအကွယ်မဲ့နေသည့် အခြေအနေများအတွက် မည်သူ့ကိုမျှ အပြစ်ပြောရန် မလိုတော့ပါ။ အကြမ်းဖက်အန္တရာယ်များကို တုန့်ပြန်လိုသော ပြည်သူများအတွက် တစ်ခုတည်းသာ တောင်းဆိုပါမည်။ အကြမ်းဖက် အန္တရာယ် တုန့်ပြန်သူများကို ရာဇဝတ်မှုများဖြင့် အရေးယူခြင်းမှ ကင်းလွတ်ခွင့် ဥပဒေ ပြဋ္ဌာန်း ထုတ်ပြန်ပေးရန် ဖြစ်ပါသည်။ အကြမ်းဖက်မှု မြောက်သော လုပ်ရပ်များကို အကြမ်းဖက်အန္တရာယ်နှိမ်နင်းရေး ဥပဒေနှင့်အညီ အရေးယူပါ။ အကြမ်းဖက်အန္တရာယ် ကာကွယ်ရေး၊ နှိမ်နင်းရေးကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆောင်ရွက်ကြမည့် ပြည်သူများကို ရာဇဝတ်မှုများဖြင့် အရေးယူခြင်းမှ ကင်းလွတ်ခွင့် ဥပဒေ ပြဋ္ဌာန်းပေးပါရန် အလေးအနက် တောင်းဆိုပါသည်။

ထိုကိစ္စအတွက် နိုင်ငံတော်အကြီးအကဲများအနေဖြင့် ငွေကုန်ကြေးကျလည်း များမည်မဟုတ်ပါ။ မိမိတို့ အနေဖြင့် အကာအကွယ် မပေးနိုင်သော ပြည်သူများ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကာကွယ်လာကြမည်။ ရဲရဲဝံ့ဝံ့ လက်တုန့်ပြန်လာကြမည်။ အကြမ်းဖက်အန္တရာယ် အမြန်ဆုံး ကင်းရှင်း၍ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးသို့ အမြန်ဆုံးရောက်ရှိပါလိမ့်မည်။ "အကြမ်းဖက် အန္တရာယ် တုန့်ပြန်ကာကွယ်၊ နှိမ်နင်းသူများကို ရာဇဝတ်မှုများဖြင့် အရေးယူခြင်းမှ ကင်းလွတ်ခွင့်ဥပဒေ" ပြဋ္ဌာန်းပေးပါရန်သာ တောင်းဆိုပါသည်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)