MNP ၊ ဧပြီ ၈
ကျိုက်ထိုမြို့နယ်၊ ကျူချောင်ကျေးရွာနှင့် ဘီးလင်းမြို့နယ်အကြား မိုင်တိုင်အမှတ် ၁၁၆/၁နှင့် ၁၁၆/၂ အကြားရှိ တံတားတွင် ဧပြီ ၇ ရက် ညနေ ၃ နာရီခန့်တွင် ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ကြောင်း သတင်းအရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများပူးပေါင်းပြီး လိုအပ်သည်များအားကူညီဆောင်ရွက်ပေးခဲ့သည်။
ဖြစ်စဉ်မှာ-မြဝတီ ဘက်မှရန်ကုန်ဘက်သို့ ယာဉ်မောင်း အောင်သူ (၃၇)နှစ် (ဘ)ဦးအောင်ဝင်း ဇရပ်ကွင်းကျေးရွာ လှည်းကူးမြို့နယ် ရန်ကုန်တိုင်းဒေသကြီးနေသူနှင့်အတူ ညီညီအသက်(၂၃)နှစ်(ဘ)ဦးသန်းကြိုင် ဇရပ်ကွင်းကျေးရွာ လှည်းကူးမြို့နယ် ရန်ကုန်တိုင်းဒေသကြီးနေသူ တို့မောင်းနှင်လာသော YGN/ 7N -2799 HNO(၂၂)ဘီးအပြာရောင်နောက် တွဲအမှတ် 1TLR-6839ယာဉ်သည် တံတားအကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ တံတားဘောင်အား ဝင်တိုက်မိပြီး တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းအောင်သူမှာ ယာဉ်ခေါင်းခန်းအတွင်း ညှပ်မိနေကြောင်းသိရ၍ ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးရဲညွန့်ထွေး ဦးဆောင်၍ မီးငြိမ်းသတ်ယာဉ်တစ်စီးဖြင့် သန္ဓေတပ်ဖွဲ့ဝင်များ အရန်တပ်ဖွဲ့ဝင်များက ကားခေါင်းခန်းအတွင်း ညှပ်နေသော ယာဉ်မောင်းအား(Hydraulic Cutter) အသုံးပြု၍ကယ်ဆယ်ရာ အသက်ရှင်လျှက်ကယ်ဆယ်နိုင်ခဲ့ပြီး ခြေတောက်ပွန်းပဲ့ဒဏ်ရာကိုသာတွေ့ရှိရသည်။ ယာဉ်နောက်လိုက်တွင် ဒဏ်ရာရရှိမှု မရှိ၍ မြို့နယ်လူမှုကူညီရေးအသင်းမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း အောင်သူ အား ကျိုက်ထိုမြို့နယ်ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
သတင်း - ဝင်းမောင်(ကျိုက်ထို)
https://t.me/MyanmarNationalPost



No comments:
Post a Comment