MNP ၊ ဧပြီ ၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Youth Club) လူငယ်များအသင်း တို့ပူးပေါင်း၍ ၊စာရေးဆရာ မောင်မင်းစိုးရေးသားသည့် လူငယ်နဲ့အပြောင်းအလဲ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကို ဧပြီ (၈)ရက် နံနက်(၁၀)နာရီ က လူထု အခြေ ပြုဗဟိုဌာန Community Center ခန်းမ ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ကျိုက်ထိုမြို့နယ် ရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော် က လူငယ်များအနေဖြင့် အားလပ်သည့်အချိန်များတွင် ဉာဏ စွမ်းရည်များဖွံ့ဖြိုးစေရန်နှင့် အမှားနဲ့အမှန်ကိုဝေဖန်ပိုင်းခြားတတ်စေရန်၊ စာပေဗဟုသုတများတိုးတက် စေရန် ၊စာပေဖတ်ရှုခြင်း ဖြင့်အတွေးအခေါ်များ မြင့်မားလာစေရန် ရည်ရွယ်ပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲများကိုကျင်းပရခြင်းဖြစ်ကြောင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကိုပြုလုပ်ရာ Youth Club အသင်းမှ အဖွဲ့ဝင် မခင်မော်ဦး က စာရေးဆရာမောင်မင်းစိုးရေးသားသည့် လူငယ်နဲ့အပြောင်းအလဲ စာအုပ်မှ လူငယ်နဲ့ပရဟိတစိတ်ဓါတ် အကြောင်းကိုလည်းကောင်း၊ မနွယ်နီချို က လူငယ်နဲ့သိစိတ်ကိုလည်းကောင်းဖတ်ကြားဆွေးနွေးကြရာ တက်ရောက်လာသည့် လူငယ်များမှ၎င်းတို့၏ထင်မြင်ယူဆချက်များကို အပြန် အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
သတင်း - အေးယုဝေ(ကျိုက်ထို)
https://t.me/MyanmarNationalPost

No comments:
Post a Comment