MNP ၊ ဧပြီ ၈
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ(၃၁)ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ စာစစ်ဌာန(၆)ခု၌ ယနေ့စာမေးပွဲနောက်ဆုံးနေ့သမိုင်းဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုခဲ့ကြကြောင်းသိရသည်။
ပေါက်တောမြို့နယ်တွင် စာစစ်ဌာနများဖြစ်သည့် အ.ထ.က-ပေါက်တော၊အ.ထ.က-သဝင်ချောင်း၊ အ.ထ.က-မြင့်ဂါ၊ အ.ထ.က-လက်ပံပြား၊ အ.ထ.က-ကျောက်တောင်နှင့် အ.ထ.က-ဆင်တက်မော် စာစစ်ဌာနများတွင် စစ်ဆေးလျက်ရှိရာ တာဝန်ကျကြီးကြပ်ရေးမှူးများနှင့် ဆရာ၊ဆရာမများမှ စနစ်တကျကြီးကြပ်ဆောင်ရွက်လျက်ရှိကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့ပြင်မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြပြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ပေါက်တောမြို့နယ်ရှိ စာစစ်ဌာန(၆)ခုတွင် ယနေ့သမိုင်းဘာသာရပ်ကိုစာရင်းရှိကျောင်းသား၊ကျောင်းသူ(၄၇၂)ဦး၊ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၄၅၂)ဦးဖြေဆိုပြီး၊ ပျက်ကွက်သူကျောင်းသား၊ကျောင်းသူ(၂၀)ဦးရှိရာ၊ ဖြေဆိုသူရာခိုင်နှုန်းအားဖြင့် (၉၅.၇၆)ရာခိုင်နှုန်းဖြင့်အေးချမ်းစွာဖြေဆိုခဲ့ကြပြီး၊ ဧပြီလ(၉)ရက်နေ့တွင် စိတ်ကြိုက်မြန်မာစာဘာသာရပ်ကို ပေါက်တောမြို့နယ်အတွင်း တက်ရောက်သင်ကြားခဲ့သည့် ကျောင်းသား၊ ကျောင်းသူများမရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment