MNP - ဧပြီ ၁၉
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)တွင် ယနေ့ နံနက် ၉ နာရီခွဲအချိန်က အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်း ဒုတိယနေ့ ဖွင့်လှစ်သင်ကြား လျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းမှ ကျောင်းသား၊ ကျောင်းသူ(၃၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းအား ပန်းချီဆရာ ဦးသူရကျော်မှ ၂၀၂၂ ခုနှစ်၊ ဧပြီလ(၁၈)ရက်နေ့မှ မေလ(၁၃)ရက်နေ့အထိ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီခွဲမှ ၁၀ နာရီခွဲအထိ (၄)ပတ်ကြာ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းနှင့် သင်တန်းပြီးပါက ပန်းချီပြိုင်ပွဲကျင်းပကာ ဆုများပေးအပ် ချီးမြှင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - နိုင်ဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment