ပေါက်တောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးနိုင်ရေး Mobile Team စနစ်ဖြင့် ကွင်းဆင်းထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးနိုင်ရေး Mobile Team စနစ်ဖြင့် ကွင်းဆင်းထိုးနှံ





MNP ၊ ဧပြီ ၂၀

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့် အထက်ဦးတည်အုပ်စုတွင်ပါဝင်သူများအား ဧပြီလကုန်အတွင်း ရာနှုန်းပြည့်ထိုးနှံပြီးစီးနိုင်ရေးအတွက် Mobile Team စနစ်ဖြင့် နဝမအသုတ်(ပထမ)အကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယမန်န့နံနက်ပိုင်းက ပေါက်တောမြို့နယ်ကျေးရွာများသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။

ထိုသို့Mobile Teamစနစ်ဖြင့် ကွင်းဆင်းထိုးနှံခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန်အကျုံးဝင်သူများအားလုံး မည်သူတစ်ဦးတစ်ယောက်မှ မကျန်စေရန် စာရင်းများကောက်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးမှုများအားဆောင်ရွက်ပေးပြီး၊ ကျန်းမာရေးဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Covaxin)ကို Mobile Team စနစ်ဖြင့်ကျေးရွာများသို့ အရှိန်အဟုန်မြှင့်ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။

ပေါက်တောမြို့နယ်အတွင်း  နဝမအသုတ်(ပထမ)အကြိမ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ နယ်လှည့်ကွင်းဆင်းထိုးနှံခြင်းကို ယမန်နေ့က ပေါက်တောမြို့နယ်ကျောက်တောင်ကျေးရွာအုပ်စု၊ ငပြီကျွန်းကျေးရွာအုပ်စု၊ ကြိမ်ခွေမော်ကျေးရွာအုပ်စု၊ လက်ပံပြားကျေးရွာအုပ်စု၊ သဲချောင်းကျေးရွာအုပ်စုများမှ ဦးတည်အုပ်စုပြည်သူစုစုပေါင်း(၂၀၀၇)ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ပြီး၊ ရာခိုင်နှုန်းအားဖြင့် ဧပြီလ(၁၉)ရက်နေ့အထိ(၈၄.၁၉)ရာခိုင်နှုန်းထိုးနှံပေးနိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)