အနာဂတ်မျိုးဆက်သစ်လူငယ်များအား ပညာသင်ကြားမှုများ ဆောင်ရွက်ပေးလျက်ရှိသည့် တက္ကသိုလ်များနှင့် စာသင်ကျောင်းများအား NLD အစွန်းရောက် နီးပိန်း PDF အကြမ်းဖက်သမားများက လက်လုပ်မိုင်း၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အနာဂတ်မျိုးဆက်သစ်လူငယ်များအား ပညာသင်ကြားမှုများ ဆောင်ရွက်ပေးလျက်ရှိသည့် တက္ကသိုလ်များနှင့် စာသင်ကျောင်းများအား NLD အစွန်းရောက် နီးပိန်း PDF အကြမ်းဖက်သမားများက လက်လုပ်မိုင်း၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ဖျက်ဆီး


နေပြည်တော်၊ ဧပြီ ၄

အနာဂတ်မျိုးဆက်သစ်လူငယ်များနှင့် Human Resources (HR) လူ့စွမ်းအား အရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားမှုများ ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်အချို့ရှိ တက္ကသိုလ်များနှင့် စာသင်ကျောင်းများအား NLD အစွန်းရောက် နီးပိန်း PDF အကြမ်းဖက်သမားများက လက်လုပ်မိုင်း၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ဧပြီလ ၁ ရက့် ည ၁၂ နာရီ ၂၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ နန္ဒဝန်ရပ်ကွက်၊ နယ်မြေ(၆)ရှိ မုံရွာစီးပွားရေး တက္ကသိုလ်အား NLD အစွန်းရောက် နီးပိန်း PDF အကြမ်းဖက်သမားများက တက္ကသိုလ်၏အရှေ့ဘက်ကိုက် ၃၀၀ ခန့် အကွာ လယ်ကွင်းများဘက်မှနေ၍ လက်လုပ်စိန်ပြောင်းဖြင့် ၄ ချက်ပစ်ခတ်ခဲ့ရာ တက္ကသိုလ်ဝင်း အတွင်း ဗုံးသီးအချို့ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုများကြောင့် ကျောင်းရှိ အဆောင် အမိုးသွပ်၊ မျက်နှာကျက်နှင့် ပြတင်းတံခါးမှန်များနှင့် မီးသီးတို့ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။


အလားတူ ဧပြီလ ၂ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ နမ့်ဖားရပ်ကွက်ရှိ ဗန်းမော်တက္ကသိုလ်ဝင်းအတွင်း ဘောလုံးကွင်းအနီးရှိ အမှိုက်ပုံအတွင်း NLD အစွန်းရောက် နီးပိန်း PDF အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် ဘောလုံးကွင်း အနီးရှိ ကျောင်းဆောင်များမှ ပြတင်းတံခါးမှန်များ၊ တံခါးမကြီး မှန်များ စုစုပေါင်းတန်ဖိုး ၉၃၂၈၀၀၀ ကျပ်ခန့် ကွဲအက်ပျက်စီးခဲ့ကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။


ထို့အတူ ညနေ ၄ နာရီ ၃၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ အမှတ်(၈) ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းဝင်းအတွင်းရှိ ဆောက်လုပ်ဆဲနှစ်ထပ်စာသင်ဆောင် အဆောက်အဦအနီးရှိ ရေမြောင်းအတွင်း၌ NLD အစွန်းရောက် နီးပိန်း PDF အကြမ်းဖက်သမားများက  လက်လုပ်မိုင်းတစ်လုံးဖောက်ခွဲထားသည်ကို တွေ့ရှိရပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။


အလားတူ ညနေ ၄ နာရီ ၄၀ မိနစ်တွင် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာမြို့၊ အင်ရောရပ်ကွက်နေ ဘာသာရေးခေါင်းဆောင်များဖြစ်သည့် ဦးရိုမီယို(၃၇)နှစ် (ဘ)ဦးဇာမန်နှင့် ဦးတိန်ဇာလျန်(၄၃)နှစ် (ဘ) ဦးလယ်အုပ် တို့သည် ရေဇွာမြို့၊ မြို့မရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်း၏ ကျောင်းတံခါးများ ပွင့်နေသဖြင့် သွားရောက်စစ်ဆေးစဉ် NLD အစွန်းရောက် နီးပိန်း PDF အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သဖြင့် ၎င်းတို့ ၂ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး ကျောင်းအဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။


ထိုကဲ့သို့ အနာဂတ်မျိုးဆက်သစ် လူငယ်များနှင့် Human Resources (HR) လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားမှုများဆောင်ရွက်ပေးလျက်ရှိသည်ကို မနာ လိုမရှုစိတ်များဖြင့် ဖျက်ဆီးခြင်းများပြုလုပ်ခဲ့သည့် NLD အစွန်းရောက် နီးပိန်း PDF အကြမ်းဖက်သမားများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)