ပန်းတောင်းမြို့နယ်တွင် (ရန်ကုန်) အားကစားနှင့်ကာယပညာ သိပ္ပံကျောင်း တက်ရောက်ရန် ထောက်ပံ့ငွေများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ်တွင် (ရန်ကုန်) အားကစားနှင့်ကာယပညာ သိပ္ပံကျောင်း တက်ရောက်ရန် ထောက်ပံ့ငွေများ ပေးအပ်



MNP - မေ    ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် (ရန်ကုန်) အားကစားနှင့် ကာယပညာ သိပ္ပံကျောင်း တက်ရောက်ရန် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ထောက်ပံ့ငွေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်အားကစားမှူးထံ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် နောက်ဆုံးအဆင့် ကြိုးစားဆောင်ရွက်ကြမည့် ကလေးများ (၇)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့ငွေကျပ် တစ်သိန်းငါးထောင်တိတိနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်ညီမှ ထောက်ပံ့ငွေကျပ် တစ်သိန်းတိတိ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ရန်ကုန်သိပ္ပံသို့ သွားရောက်မည့်နေ့ရက်တွင် ကလေးများ၏ လက်ထဲအချိုးကျ ပေးအပ်မည့် မှတ်တမ်းများကို အားကစားမှူး ဒေါ်စောမာလာမှ ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - သင်းသင်းအေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)