ဆီဆိုင်မြို့နယ်တွင် မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၅)လုံး အမိုးလန်ပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီဆိုင်မြို့နယ်တွင် မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၅)လုံး အမိုးလန်ပျက်စီး



MNP - မေ  ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မေ ၂ ရက် ည ၈ နာရီခွဲခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးသွပ်နှင့်မြှားတန်းများ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးသက်လေးပြင်းတိုက်ခတ်မှုကြောင့် ပါလောပါကယ်ကျေးရွာအုပ်စုအတွင်းရှိ နောင်လတ်(မြောက်) ကျေးရွာတွင် လူနေအိမ် (၅)လုံးတို့၏ အမိုးသွပ်နှင့်မြှားတန်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်းနှင့် လေဘေးသင့် ပြည်သူများအား နီးစပ်ရာဆွေမျိုးနေအိမ်များတွင် နေရာချထားပေးပြီးဖြစ်ကြောင်း သိရသည်။

သတင်း - မျိုးမြတ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)