MNP - မေ ၃
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့်အတူ မြိတ်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယနေ့နံနက်ပိုင်းက မြိတ်မြို့ ကမ်းနားလမ်းရှိ ပုလဲရတနာခန်းမတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံ၍ ဝန်ထမ်းများ၏ အခက်အခဲများ မေးမြန်း၍ လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုများ၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် နိုင်ငံသားကိုယ်ရေးမှတ်တမ်း နိုင်(၄)အချက်အလက်များကို နည်းပညာအသုံးပြု၍ စာရင်း ရေးသွင်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ဝန်ကြီးချုပ်ဦးမြတ်ကိုက ပန်းခင်းစီမံချက်နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားကို တိုင်းဒေသကြီးအနေနဲ့ ရာနှုန်းပြည့်ဆောင်ရွက်ပေးနိုင်တဲ့အတွက် ဂုဏ်ယူပါကြောင်း၊ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းတွင်ဝိုင်းဝန်းဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ကျော်လွှားနိုင်ခဲ့ကြောင်း၊ ကာကွယ်ဆေးထိုး လုပ်ငန်းတွင်လည်း အပြည့်အဝ လုပ်ဆောင်ပေးနိုင်ပြီး မြိတ်မြို့နယ်မှာ (၁၀၀)ရာခိုင်နှုန်း ထိုးနှံပေးနိုင်ခဲ့ ကြောင်း၊ နိုင်ငံသားကိုယ်ရေး မှတ်တမ်းနိုင်(၄)အချက်အလက်များကိုExcel Format ဖြင့် ဆောင်ရွက်နေ သည့်အတွက် လူဦးရေစာရင်းသည် မှန်မှန်ကန်ကန် တိတိကျကျရပြီး စာရင်းဇယားအပြည့်အဝရပြီး မဲဆန္ဒစာရင်းအတွက် အဆင်ပြေမှာဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကို E-ID ကတ်အဖြစ် ထုတ်ပေးနိုင်ရန်ဆောင်ရွက်ပေးနိုင်ဖို့ လုပ်ငန်းစတင်လျက်ရှိရာ ဝိုင်းဝန်းလုပ်ကိုင်ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံပြောကြားလိုပါကြောင်း၊ လျှပ်စစ်မီးကိစ္စမှာ ဒေါ်လာဈေးနဲ့ ဆီဈေးတွေတက်နေတဲ့အတွက် မီတာခအဆင်ပြေအောင် အထူးကိစ္စတစ်ရပ်အနေနဲ့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဆောင်ရွက်ပေးနိုင်သည့်ကိစ္စ များအား ချက်ချင်းလုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားပြီး ဝန်ထမ်းများ၏ အခက်အခဲများမေးမြန်း၍ လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
သတင်း - ခိုင်ထူး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment