သထုံမြို့အတွင်း နွေရာသီရေရှားပါးသည့် နေရာများအတွက် အသုံးပြုနိုင်ရေး ရေတွင်းပြုပြင်ရန် အလှူငွေနှင့် တည်ဆောက်ပြီး အများသုံး အုတ်ရေကန်တို့လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့အတွင်း နွေရာသီရေရှားပါးသည့် နေရာများအတွက် အသုံးပြုနိုင်ရေး ရေတွင်းပြုပြင်ရန် အလှူငွေနှင့် တည်ဆောက်ပြီး အများသုံး အုတ်ရေကန်တို့လှူဒါန်း



MNP - မတ်   ၃

မွန်ပြည်နယ်၊ သထုံမြို့တွင် နွေရာသီကာလ ရေရှားပါးသည့်နေရာများသို့ ဖြန့်ဖြူးလှူဒါန်းနိုင်ရေးအတွက် အောက်ကျင်းရပ်ကွက်အတွင်းရှိ ရေတွင်းဟောင်းပြုပြင်ရန်အလှူငွေနှင့် တည်ဆောက်ပြီး အများသုံး ရေလှောင်ကန် တစ်ကန်တို့အား အလှူရှင်များက ယမန်နေ့က ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သထုံမြို့၊ အောက်ကျင်းရပ်ကွက် ဘူတာလမ်း မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဝင်းအတွင်းရှိ ရေတွင်းဟောင်းကို ပြန်လည်ပြုပြင်ခြင်းအတွက် အလှူငွေကျပ် သိန်းလေးဆယ်နှင့် ရေမြှုပ် မော်တာတစ်လုံးတို့ကို အလှူရှင်ဖြစ်သူ ဒေါ်လှသိန်းနှင့် ဒေါ်ညွန့်သိန်း မိသားစုတို့က လည်းကောင်း၊ လမ်းသစ်လမ်းနှင့် သုမေဓာလမ်းထိပ်ရှိ ကာလတန်ဖိုး ငွေကျပ်သိန်းနှစ်ဆယ်ရှိ အများသုံး အုတ်ရေလှောင်ကန်အား အလှူရှင်ဖြစ်သူ ဦးသီရိမိသားစုတို့က ပေးအပ်လှူဒါန်းရာ အောက်ကျင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်နှင့် ရပ်မိရပ်ဖများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေတွင်းမှာ နွေရာသီရေရှားပါးသည့်ကာလ၌ အောက်ကျင်းရပ်ကွက်အတွင်း သောက်သုံးရေ နှစ်စဉ်အများဆုံး ဖြန့်ဖြူးပေးနေသည့် ရေတွင်းဖြစ်ပြီး အများသုံးရေကန်မှာ ရေအခက်အခဲဖြစ်ရာနေရာ၌ ရပ်ကွက်နေပြည်သူများ အလွယ်တကူအသုံးပြုနိုင်ရန် စီမံတည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - ကိုကိုဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)