ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ရှမ်းပြည်နယ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ရှမ်းပြည်နယ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းဆောင်ရွက်



MNP ၊ မေ ၃

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်၊ ဟဲဟိုးလေဆိပ်သို့ရောက်ရှိပြီး ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော သတင်းပြန်ကြားရေးကောင်တာ ဝန်ထမ်းများ တာဝန်ထမ်းဆောင် နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းနှင့် အတူ  တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသော ကလောမြို့အား သန့်ရှင်းသာယာလှပပြီး အပန်းဖြေ တောင်ပေါ်ခရီးသွားမြို့ ဖြစ်စေရန် အကောင်အထည်ဖော် ရေးကော်မတီ အစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ခရီးသွားမြို့အကောင်အထည်ဖော်ရေး ကော်မတီ  ဖွဲ့စည်း၍ ဘဏ္ဍာငွေလျာထားဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ထင်းရှူးမြို့တော်အဖြစ် အကောင်အထည်ဖော်ရေးလမ်းညွှန်မှာကြားချက်အရ လုပ်ငန်းများ အကောင်အထည်ဖော်သည့် နေရာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြား သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကလောမြို့သည် ခရီးသွားလုပ်ငန်းအတွက် သမိုင်း ကြောင်းနှင့် ရာသီဥတု ရေမြေအနေအထားအရ ထင်ရှားသည့် မြို့တစ်မြို့ဖြစ်သည့်အတွက် စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အစိုးရ၊ ပုဂ္ဂလိကနှင့် ဒေသခံများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရေးသည် အရေးကြီးကြောင်း။

အားလုံးပါဝင်သော ခရီးသွားလုပ်ငန်းဖြစ်စေရန် မသန်စွမ်းများအတွက် ဝန်ဆောင်မှုဆိုင်ရာ အခြေခံသင်တန်းကို စမ်းသပ်စီမံကိန်းအဖြစ် ကလောမြို့တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ လုပ်ငန်းများ ရေရှည်တည်တံ့ရေး စဉ်းစားဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း မှာကြားသည်။

ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ်အတွင်း အင်းလေးကန် အမှိုက်ကင်းရှင်းရေး ဆောင်ရွက် ထားရှိမှုအခြေအနေများကို စက်လှေဖြင့်လှည့်လည်ကြည့်ရှုပြီး၊ ဟူပင် ခေါင်တိုင်ဟိုတယ်၌ ညောင်ရွှေ‌ဒေသရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များနှင့် ဆည်မြောင်း ဦးစီးဌာနတာဝန်ခံအား တွေ့ဆုံ၍ လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်မှချမှတ်ထားသော ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့် စည်းမျည်း စည်းကမ်းများကိုလိုက်နာဆောင်ရွက်ရေး၊  ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနှင့် အင်းလေးကန် ရေရှည်တည်တံ့ရန် ဝိုင်းဝန်းထိန်းသိမ်းရေးကိစ္စရပ်များကို မှာကြား သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလက ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့သော ASEAN TOURISM FORUM 2022 တွင် Asean Green Hotel Standard Award ရရှိခဲ့သည့် Aureum Hotel Resort and Spa ကို ဆုတံဆိပ် ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ အမျိုးသားအဆင့် ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေး အသိအမှတ်ပြု လက်မှတ်ရ ဟိုတယ် (၃)လုံးကို အသိအမှတ်ပြုလက်မှတ်များ ပေးအပ်သည်။

ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့ စည်ပင်သာယာရေးခန်းမ၌ ကျင်း ပသော Barrier Free Tourism ဝန်ဆောင်မှု သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဒေသဆိုင်ရာ ဧည့်လမ်းညွှန်သင်တန်းများကို ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းတွင် ယခင်ကပင် မသန်စွမ်းသူများ အဆင်ပြေစေရန်နှင့် တန်းတူပါဝင်ခွင့်ရရှိစေရန် ဆောင်ရွက် ပေးခဲ့ပြီး Accessible Tourism, Barrier Free Tourism ဟု ခေါ်ဝေါ်သုံးစွဲခဲ့ကြကြောင်း၊ ဟိုတယ်နှင့် ခရီးစဉ်များတွင် မသန်စွမ်းအထောက် အကူပြု ပစ္စည်းကိရိယာများကို ထပ်မံဖြည့်တင်း ဆောင်ရွက် ခြင်းနှင့် အသစ်တည်ဆောက်သော လုပ်ငန်းများတွင် မသန်စွမ်းများအတွက် လိုအပ်ချက်များကို ထည့်သွင်းစဉ်းစား လုပ်ကိုင်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက သင်တန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနတို့မှ တာဝန်ရှိသူများက မသန်စွမ်းများအခွင့်ရေးနှင့် တန်းတူပါဝင်နိုင်ခွင့်၊ အားလုံးပါဝင်သောအဟန့်အတားမဲ့ ခရီးသွား လုပ်ငန်း၊ မသန်စွမ်း ခရီးသွား ဧည့်သည်များကို ဝန်ဆောင်မှုပေးအပ်ခြင်း ခေါင်းစဉ်များဖြင့် သင်ကြားပို့ချကြသည်။

အဆိုပါသင်တန်းသို့ ကလောမြို့နှင့် ပင်းတယမြို့များရှိ ဟိုတယ်များမှ ဝန်ထမ်းများနှင့် ဧည့်လမ်းညွှန်များပါဝင်တက်ရောက်ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)