ညောင်ဦးမြို့ အနော်ရထာနှစ်လမ်းသွား လမ်းမဘေးတွင် မော်တော်ယာဉ်တစ်စီး သစ်ပင်ဝင်တိုက်မှု ဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့ အနော်ရထာနှစ်လမ်းသွား လမ်းမဘေးတွင် မော်တော်ယာဉ်တစ်စီး သစ်ပင်ဝင်တိုက်မှု ဖြစ်ပွား

 




MNP - မေ   ၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ဝက်ကြီးအင်းရပ်ကွက်၊ အနော်ရထာ နှစ်လမ်းသွား လမ်းမကြီး၊ ကျန်စစ်သားဥမင် စာသင်တိုက်ရှေ့၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပုဂံမြို့သစ်မှ ညောင်ဦးမြို့သို့ ခရီးသည်နှင့် ပစ္စည်းများ သယ်ဆောင်လာသည့် ခရီးသည်တင်ယာဉ်သည် အနော်ရထာနှစ်လမ်းသွား လမ်းမကြီး၊ ကျန်စစ်သားဥမင် စာသင်တိုက်ရှေ့အရောက်တွင် လမ်း၏ယာဘက်ခြမ်း ပလက်ဖောင်းအနီးရှိ တမာပင်အား ဝင်တိုက်ခဲ့မိခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ခရီးသည်ယာဉ်၏ဦးခေါင်းပိုင်းကြေကာ ယာဉ်မောင်းတွင် ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူးနှင့် သန္ဓေတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ယဉ်မဆင်မခြင်မောင်းနှင်သူအား ညောင်ဦးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိ ရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)