MNP ၊ မေ ၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၂ခုနှစ်၊ မိုးကြိုကာလ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီအချိန်က အ.လ.က( မြို့သစ်)ကျောင်းရှေ့ ကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်တွင် မဟော်ဂနီ (၂၀၀)ပင်၊ ပျဉ်းကတိုး (၁၀၀)ပင်၊ မယ်ဇလီ (၃၀၀)ပင်၊ ပင်လယ်ကဗွီး(၅၀၀)ပင်၊ မန်ဂျန်ရှား(၂၀၀)ပင်၊ ခရေ(၂၀၀)ပင်၊ စုစုပေါင်း ပျိုးပင် (၁၅၀၀)အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဗိုလ်မှူးမျိုးဇေယျာနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost





No comments:
Post a Comment