ဖာပွန်ကျေးရွာအတွက် ခေတ်မီစံပြကျေးရွာ (Smart Village) စီမံကိန်းထူထောင်ရေး မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖာပွန်ကျေးရွာအတွက် ခေတ်မီစံပြကျေးရွာ (Smart Village) စီမံကိန်းထူထောင်ရေး မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကျင်းပ

 


MNP - မေ   ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေး ခေတ်မီစံပြကျေးရွာ (Smart Village) စီမံကိန်းထူထောင်ရေး မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ကမော့ကချူးကျေးရွာအုပ်စု၊ ဖာပွန်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့ကြကြောင်း သိရသည်။

ဖာပွန်ကျေးရွာအတွက် ခေတ်မီစံပြကျေးရွာ (Smart Village) စီမံကိန်းထူထောင်ရေးနိုင်ရေးအတွက် ရွေးချယ်ခဲ့ကြရခြင်း၏ ရည်ရွယ်ချက် ရည်မှန်းချက်များ၊ ဆောင်ရွက်ရမည့်နည်းလမ်း၊ စီမံကိန်းကာလ၊ ခေတ်မီစံပြကျေးရွာ ထူထောင်ရေး အဓိကလုပ်ငန်းစဉ်များ၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှု ထောက်ပံ့ကူညီခြင်းလုပ်ငန်းများ၊ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခုဖြစ်စေနိုင်မည့်နည်းလမ်း စသည့်အချက်များကို ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဇော်က ရှင်းပြပေးသည်။

ထို့နောက် ပြည်နယ်သမဝါယမဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်စွာဝင်းက အသင်းအဖွဲ့များ ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည့် အခြေအနေများကို ချပြရှင်းလင်းခဲ့ပြီးနောက် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် နည်းပညာပိုင်းပံ့ပိုးကူညီကြမည့် အကြောင်းများ၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများအား မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ခံ ဦးစီးအရာရှိများက ရွာသူ၊ ရွာသားများအား ရှင်းပြပေးခဲ့သည်။

ခေတ်မီစံပြကျေးရွာ (Smart Village) စီမံကိန်းထူထောင်ရေး မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကို တက်ရောက်ခဲ့ကြသော ဖာပွန်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများက သိရှိလိုသည့်အချက်များ၊ ကျေးရွာအတွက်လိုအပ်သည့်အရာများကို တင်ပြဆွေးနွေးခဲ့ကြရာ သက်ဆိုင်သည့် ဌာနများက ပြန်လည်ဖြေဆိုဆွေးနွေးပေးခဲ့ကြကြောင်း သိရှိရသည်။

သတင်း - လင်းသန့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)