MNP ၊ မေ၄
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မြို့နယ်အလိုက် ထုတ်ပေးထားသည့် နိုင်(၄)မှတ်တမ်းများ Software အသုံးပြု၍စီစစ်ရေးသွင်းထားသောလူဦးရေစာရင်းများနှင့် တစ်အိမ်တက်ဆင်းတိုက်ဆိုင် စစ်ဆေးပြီးပြုစုမှန်ကန်သည့် အခြေခံမဲဆန္ဒရှင်စာရင်းများရရှိနိုင်ရေ းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လည်(၁၄ ၀၀)ချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင်ပါဝင်သည့် အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါကဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဆိုသည်နှင့်အညီ ၂၀၂၃ရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တိကျမှန်ကန်အောင်စာရင်းရေးသွင်းရန်လိုပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဌာနမှထုတ်ပေးသည့် ပုံစံ၆၆(၆)အားကွန်ပျူတာရေးသွင်းပြီးစီးပါကမြေပြင်စာရင်းနှင့်ကိုက်ညီမှုရှိမရှိစီစစ်ရန်၊ ယခုမဲစာရင်း(၂)သန်းကျော်ထုတ်ပေးပြီးဖြစ်၍ Softwareရေးသွင်းလျှက်ရှိပါကြောင်း၊ မဲစာရင်းပုံစံ၆၆(၆)ရေးသွင်းပြီး ခရိုင်မြို့နယ်ရပ်ကွက်များသို့ တစ်အိမ်တက်ဆင်းဆောင်ရွက်ရမှာဖြစ်ပြီးပြီးစီးအောင်ဆောင်ရွက်ရမည့်ရက်ပေါင်း(၆၀) အတွင်း အမှားအယွင်းမရှိအောင်စနစ်တကျစီမံခန့်ခွဲကာ ပူးပေါင်းပြီးအားထည့်၍ ဆောင်ရွက်ပေးကြစေလိုကြောင်းပြောကြားသည်။
ဆက်လက်၍ရခိုင်ပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်သူရက မဲစာရင်းများစနစ်တကျမှန်ကန်စေရေး၊ ဆောင်ရွက်မည့်ယန္တရားများအား ရက်ပေါင်း(၆၀)အတွင်းဆောင်ရွက်ရမှာဖြစ်သည့်အတွက် လုပ်ရည်ကိုင်ရည်ရှိသူများအား သက်ဆိုင်ရာဌာနအကြီးအကဲများက စနစ်တကျရွေးချယ်ပြီး တာဝန်ပေးအပ်စေလိုကြောင်း
ရွေးချယ်ထားသည့် ဝန်ထမ်းများအားကွန်ပျူတာသင်တန်းပို့ချပြီး မှန်မှန်ကန်ကန်ပြီးစီးအောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် လူမှုရေးရာဝန်ကြီးဦးအောင်မျိုးက ပထမအဆင့်အနေဖြင့် ယခင်ရွေးကောက်ပွဲတွင် နိုင်ငံသားကတ်ပြားမရှိဘဲ(၃.၄)သန်းမဲပေးခဲ့ပါကြောင်း၊ ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူသည့်နေ့ကစပြီး ပန်းခင်းစီမံချက်ချမှတ်ကာဆောင်ရွက်ခဲ့ပါကြောင်း ဒုတိယအဆင့်အနေဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားထုတ် တစ်ဦးချင်းစီအခြေခံ၍ အိမ်ထောင်စုစာရင်း၊ လူဦးရေ၊ ကတ်ပြားများပြည့်စုံမှသာ မဲပေးခွင့်ရှိမည်ဖြစ်ကြောင်း၊ လူတစ်ဦး၌ နိုင်ငံသားစီစစ်ရေးကတ်ပြားတစ်ခုသာ ရှိရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၌ထုတ်ပေးထားသည့် နိုင်ငံသားစီစစ်ရေးကတ်ပြား(၂၁)သိန်းကျော်ရှိပြီဖြစ်ကြောင်း၊ ၎င်းအားExcelတွင်ရိုက်ထည့်ဆောင်ရွက်ရန် ရသည့်ရက်ပေါင်း(၆၀)သာကျန်ရှိ၍ ဌာနတစ်ခုလျင်ပြီးစီးရမည့်ပုဒ်ဖြတ်စနစ်ဖြင့် အပြီးဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နိုင်ငံတော်၏စီမံချက်ဖြစ်သည့်အတွက်အစိုးရသစ်တစ်ရပ်ဖြစ်ပေါ်လာအောင် အားလုံးပူးပေါင်းဆောင်ရွက်ကာ တာဝန်ကျေအောင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ရွေးကောက်ပွဲကော်မရှင်အရာရှိကရွေးကောက်ပွဲကော်မရှင်အနေဖြင့်ဆောင်ရွက်ထားရှိသည့်အခြေအနေများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေမှူးက ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် အမျိူသားရေးတာဝန်တစ်ရပ်အနေဖြင့်ခံယူ၍ အားလုံးပူးပေါင်းကြစေလိုကြောင်းပြောကြားသည်။
ထို့နောက်တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အလိုက်ထုတ်ပေးထားသည့် နိုင်(၄)မှတ်တမ်းများ Software အသုံး ပြု၍ စီစစ်ရေးသွင်းထားသော လူဦးရေစာရင်းများနှင့် တစ်အိမ်တက်ဆင်းတိုက်ဆိုင်စစ်ဆေးပြီးပြုစုမှန်ကန်သည့် အခြေခံမဲဆန္ဒရှင်စာရင်းများရရှိရေးအတွက် အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပေးကာလိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးပြီး ဝန်ကြီးချုပ်ကနိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုညနေ(၁၅၃၀)ချိန်တွင် ရုပ်သိမ်းကြောင်းသတင်းရရှိသည်။
သတင်း - ဇူလိုင်ကြယ်
https://t.me/MyanmarNationalPost
No comments:
Post a Comment